Main menu

Background

မိုးညှင်းမြို့နယ်အတွင်း ချင်းစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Mon, 08/04/2025 - 10:26 -- journal_editor

ချင်းသည် တစ်နှစ်ခံပင်ပျော့မျိုးဖြစ်သည်။ Ginger Roots  မှာ ကာဗွန်ဟိုက်ဒရိတ် ၁၇ ဒသမ ၇၇ ရာခိုင်နှုန်း၊ သကြား ၁ ဒသမ ၇ ရာခိုင်နှုန်း အမျှင်ဓာတ် ၂ ရာခိုင်နှုန်း ပရို တင်း ၁ ဒသမ ၈၂  ရာခိုင်နှုန်း နှင့် ကဆီ သုည ဒသမ ၇၅ ရာခိုင်နှုန်း ပါဝင်သည်။ ချင်းကို  ဟင်းခတ်အမွှေးအကြိုင်၊ တိုင်းရင်းဆေး၊ ချင်းသုပ်အဖြစ် အသုံးပြုကြသည်။သဘာဝ ချင်းတက်သည် အောက်ခြေမှသည် အပေါ်သို့ ကြီးထွားမှုဖြစ် ပေါ်သည်။ ချင်းကို မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးကြပြီး မျိုးအနေ ဖြင့် ရှမ်းချင်းနှင့် ချင်းဖြူ(ပြည်ပမျိုး)တို့ ရှိသည်။
ဒေသအခေါ် ချင်းဖြူမျိုးသည် အနံ့မွှေး၊ အမျှင်နည်း၊ ရှမ်းချင်းထက် ပိုမိုနူးညံ့သည်။  ပို၍ဆတ်သည်။ဆေးဖက် ဝင်သည်။ မျိုးထားမည့်ချင်းကို သက်တမ်း ခုနစ်လမှ ရှစ်လ ရင့်ချိန် အပင်အရွက်များချသည့်အခါ ဖော်ရသည်။စိုက်မည့် ချင်းတက်များသည် တစ်လက်မခွဲ၊ နှစ်လက်မအရွယ်၊ အလေး ချိန်သုံး ကျပ်သားခန့် ရှိရမည်။ အောက်ဆုံးချင်းတက်များသည် ပို၍ရင့်သဖြင့် မျိုးထားရန် အကောင်းဆုံးဖြစ်သည်။
ချင်းမျိုးကို တိုက်ရိုက်ဖဲ့၍စိုက်ပျိုးခြင်းနှင့် မျိုးညှောင့် ဖောက်ပြီး စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိသည်။ ချင်းကို တိုက်ရိုက် စိုက်ပျိုးမည်ဆိုပါက မျက်စေ့ တစ်စေ့မှ နှစ်စေ့ပါဝင်ပြီး နှစ် ကျပ်သားခန့်ရှိချင်းတက်ကို အတက်ဖဲ့ပြီး နှစ်နာရီခန့် လေ သလပ်ခံရသည်။  အစေးခြောက်ပါက  ချင်းမျက်စေ့အား အပေါ်ဘက်ထားပြီး မြေတွင် တိုက်ရိုက်ချ၍လည်း စိုက်ပျိုး နိုင်သည်။ ချင်းမျိုးကို မျိုးညှောင့်ဖောက်ပြီး စိုက်ပျိုးမည် ဆိုပါက ဧပြီလတွင် မျိုးညှောင့်ဖောက်လျှင် အကောင်းဆုံး ဖြစ်ပြီး အရိပ်အောက် မြေကြီးပေါ်၌  သဲပါးပါးခင်း၍ မြေဆွေး သို့မဟုတ် နုန်းမြေပါးပါးဖြင့်ဖုံး၍ အစိုဓာတ်မပြတ်စေရန် လိုအပ်လျှင် ‌ရေလောင်းပေးရသည်။ ၁၀ ရက်ခန့်ကြာလျှင် မျက်စေ့အဖုများမှ အစိမ်းနုရောင်အညှောင့်လေးများ ထွက် လာပြီး မျက်စေ့များ၏ ပတ်ပတ်လည် လက်မဝက်ခန့်ချန်၍ ချွန်ထက်သော ဓားထက်ထက်ဖြင့် လှီးဖြတ်ရသည်။ 
၎င်းချင်းမျိုးများကို အစေးခြောက်သွားစေရန် နှစ်နာရီ ခန့်လေသလပ်ခံ၍ အစေးများခြောက်သွားပါက ဘောင်စနစ် ဖြင့်လည်းကောင်း၊ ခြင်းစနစ်ဖြင့်လည်းကောင်း၊ ဝါးပေါက်ခြင်း ဘောင် ခတ်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ချင်းကို အကောင်းဆုံးစိုက်ပျိုးချိန်မှာ မေလဖြစ်ပြီး ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပါက ပျိုးထောင်ပြီး ပျိုးသက်ရ ပျိုးပင်နှင့် စိုက်သင့်ကြောင်း၊ တစ်ကျင်းလျှင် ပျိုးပင် ၂-၃ ပင် စိုက်ရန်လိုကြောင်း၊ ချင်းကို နောက်ကျစိုက်လျှင် ဖြစ်ထွန်း သော်လည်း မျိုးစေ့ပိုကုန်‌ကြောင်း၊ ချင်းစိုက်ပျိုးပြီး ၇-၈ လ ကြာတွင်  ရိတ်သိမ်းနိုင်ကြောင်း မိုးညှင်းချင်း စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။ မိုးညှင်းဒေသတွင် ချင်းကို  ရှမ်းချင်းနှင့် ချင်းဖြူနှစ်မျိုးစလုံး စိုက်ပျိုးကြပြီး အခင်းကွက် များ၊ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ချင်းကို ထယ်ထိုးထွန်မွှေပြီး စိုက်ဘောင်ပြုလုပ်၍ မြေထဲသို့ (၁ ဒသမ ၅-၂)လက်မမြှုပ်၍ စိုက်တန်းတစ်ခုနှင့် တစ်ခု ၁၀ လက်မခွာပြီး တစ်ပင်နှင့်တစ်ပင် ၁၀ လက်မခြားပြီး သုံးပွင့် ဆိုင်စိုက်ကြသည်။ အစိုဓာတ်ထိန်းအောင် ကောက်ရိုးဖုံးပြီး သွင်းအားစုအနေဖြင့် သဘာဝမြေဆွေး၊ နောက်ချေးမြေသြဇာ များကိုသာ အဓိက အသုံးပြုကြသည်။ မျိုးထည့်သည့်နှုန်းမှာ တစ်ဧကလျှင် ပိဿာ၂၅၀-၃၀ဝ ဝန်းကျင်သုံးစွဲကြပြီး တိုက် ရိုက်ဖဲ့ပြီး စိုက်ပျိုးခြင်းစနစ်ဖြင့်သာ စိုက်ကြသည်။ မိုးညှင်း မြို့နယ်တွင် ချင်းကို ဧက၂၀ဝ စိုက်ပျိုးထားကြောင်း သိရှိရ သည်။
ချင်းကို စိုက်ပျိုးရာတွင် တစ်ဧကကုန်ကျစရိတ် ကျပ် ၁၂ သိန်းကျော်ကုန်ကျပြီး တစ်ဧကလျှင်  ပိဿာ ၃၀ဝ၀ ထွက်ရှိကြောင်း၊  ထွက်ရှိလာသည့် ချင်းများကို ဒေသတွင်း ဈေးကွက်သို့  စိုက်ပျိုးသူများမှ တိုက်ရိုက်ရောင်းချခြင်း၊ ကုန်သည်နှင့်  ချင်းအသုံးပြုလုပ်ငန်းများက ဝယ်ယူကြပြီး ဖားကန့်၊  တနိုင်း၊  မြစ်ကြီးနား၊  ဝိုင်းမော်၊  မိုးကောင်းနှင့် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချနေကြသည်။ လက်ကား ဈေးကွက်တွင် ရှမ်းချင်းတစ်ပိဿာလျှင် ကျပ်  ၇၀ဝ၀၊ ချင်းဖြူ တစ်ပိဿာလျှင် ကျပ်  ၈၀ဝ၀၊ လက်လီ ဈေးကွက်တွင် ချင်း နှစ်မျိုးစလုံး ကျပ် ၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ချင်း စိုက်ပျိုးသည့် ‌တောင်သူများအနေဖြင့် စိုက်ပျိုးသည့်ချင်း အမျိုးအစားအလိုက် တစ်ဧကလျှင် အကျိုးအမြတ် ကျပ် ကိုးသိန်းမှ ၁၂ သိန်းရရှိကြောင်း ချင်းစိုက်ပျိုးသူတောင်သူများ ထံမှ သိရှိရသည်။ 
ချင်းစိုက်ပျိုးခြင်းသည် တောင်သူများအတွက် အကျိုး အမြတ်ရရှိပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးပိုမိုရသော ကြောင့် ဝင်ငွေတိုးလျက်ရှိကြောင်း၊ မိုးညှင်းမြိုန့ယ်အတွင်း ချင်းဈေးကွက် ရောင်းဝယ်ဖောက်ကားမှုအရ ချင်းကို ဖော်ပြီး ပြီးချင်း အစိမ်းလိုက် ရောင်းရခြင်းဖြစ်သောကြောင့် ချင်း အထွက်အနေဖြင့် တစ်ပြိုင်တည်းနီးပါး ထွက်ရှိလာပြီး ဈေး ကွက်လိုအပ်ချက်ထက်  ပိုလျှံမှုဖြစ်ပေါ်နေသောကြောင့် ဈေးနှုန်းနိမ့်ဖြင့် ရောင်းချရကြောင်း သိရသည်။ 
မိုးညှင်း ချင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော အခြေ အနေများကြောင့် ချင်းစိုက်တောင်သူများအနေဖြင့် နှစ်နှစ် ကြာမှ ဖော်၍  ပထမနှစ်ထွက်ရှိသောချင်းကို နောက်နှစ်ထွက် သော အတက်မှ တွယ်ကပ်နေရာ နှစ်ထပ်အဖြစ် ရောင်းချသင့် ကြောင်းနှင့် ထိုသို့ ရောင်းချခြင်းကြောင့် ဈေးကွက်တွင် ချင်း အထွက်ပိုလျှံမှုကို ထိန်းနိုင်‌ပြီး နှစ်ထပ် ချင်းဖြစ်သောကြောင့် အထွက်နှုန်းပိုမိုရရှိနိုင်ကြောင်း၊ ချင်းကို ဖော်ပြီးပြီးချင်း အစိမ်း လိုက် ရောင်းချခြင်းထက် ခြောက်သွေ့သွားလျှင် အလေးချိန် မလျော့အောင် အောက်တွင်  သဲခံပြီး  အရိပ်အောက်တွင် ထားသိုခြင်းဖြင့် ဈေးကွက်ပိုလျှံမှုကို ထိန်းသင့်ကြောင်း၊ ချင်း စိုက် တောင်သူများအနေဖြင့်  ချင်းစိုက်ပျိုးသူ‌တောင်သူများ အစုအဖွဲ့များ  ဖွဲ့စည်း၍  တိုက်ရိုက်တင်ပို့ရောင်းချပါက  တောင်သူများအတွက်  အကျိုးအမြတ်  ပိုခံစားရမည်ဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။

 

ကျော်မိုးလွင်(ကချင်)