Main menu

Background

အထက်မင်းလှမြို့နှင့် တောင်တွင်းကြီးမြို့နယ်များတွင် ဝါသီးနှံများ စတင်စိုက်ပျိုး

Mon, 08/04/2025 - 12:19 -- journal_editor

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက် မင်းလှမြို့နယ်တွင် မယ်ဇလီတော၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မန်းသံပုရာကန်၊ ကုန်းကြီး၊ ဂျင်ရဲမြောင်၊ တောင်ဦး စသည့်ကျေးရွာများ၌ ဝါသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး အထက် မင်းလှမြို့၊ မယ်ဇ လီ တော ကျေးရွာတွင်တောင်သူ ၂၀ ဦးမှ ဝါသီးနှံစိုက်ဧက ၅၀ စိုက်ပျိုးထားရှိ ကြောင်း သိရသည်။
ဝါသီးနှံများ စိုက်ပျိုးရာတွင် သီးညှပ် စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်းဟူ၍ စိုက် ပျိုးကြပြီး  သီးသန့်စိုက်ပျိုးခြင်းကို အများဆုံး စိုက်ပျိုးကြသည်။ စိုက်ပျိုးမှုအနေဖြင့်  ဇူလိုင်လ ပထမပတ်တွင် စတင်စိုက်ပျိုးကြပြီး မျိုးများအနေ ဖြင့် ရွှေတောင်- ၈၊ ရွှေတောင်-၁၀၊ ချည်မျှင် ရှည်ဝါ စသည့်မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးများကို မင်းလှမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ ဖြင့် ဝယ်ယူပြီး ဝါ သီးနှံတစ်ဧကလျှင် မျိုးစေ့ ခြောက်ပိဿာခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေ ဖြင့် ထွန်ယက်ခ၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း တစ်ဧကလျှင်  စုစုပေါင်း ကျပ်ခြောက်သိန်းခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၅၀ဝ ခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဝါသီးနှံ ပေါ်စအချိန်တွင် တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၅၂၀ဝ ခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ်အနေ ဖြင့် ကျပ်၁၃သိန်းမှ သိန်း ၂၀ ခန့်ထိ ရရှိကြောင်း သိရသည်။
အလားတူ    တောင်တွင်းကြီးမြို့နယ်ရှိ အောင်းစု၊ ပိန္နဲပင်၊ ရွာသာ၊ ပင်ညွန့်၊ ရေပြား၊ ညောင်နီပင်၊ ချိုင်း၊ ငမင်၊ ကျောက္ကာ စသည့် ရွာများတွင် ဝါသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိရာ ချိုင်းကျေးရွာတွင် တောင်သူ ၁၀ဝ မှ စိုက်ဧက ၃၇ ဧကကို ဇူလိုင်လ ဒုတိယပတ်တွင် ချည်မျှင် ရှည်ဝါများ စတင်စိုက်ပျိုးကြောင်း သိရသည်။ 
အာမို၊ ရွှေတောင် ၁၀၊ ရာကာ စသည့် မျိုးစေ့များကို အများဆုံး စိုက်ပျိုးကြသည်။ ဝါ မျိုးများကို   တောင်တွင်းကြီးမြို့ပေါ်ရှိ   ဆေး အရောင်းဆိုင်များမှ တစ်ထုပ်လျှင် ကျပ် ၆၅၀ဝ၀ ဖြင့် ဝယ်ယူပြီး တစ်ဧကလျှင် အမွေးချွတ်မျိုးစေ့ ၄၅၀ ဂရမ် တစ်ထုပ် ကုန်ကျကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် ထွန်ယက်ခ၊ မျိုးစေ့၊ ဆေးဖိုး၊ အလုပ်သမားများအပါအဝင် ယခုနှစ်တွင်လည်း ယခင်နှစ်နည်းတူ တစ်ဧကလျှင် စုစုပေါင်း ကျပ် ခုနစ်သိန်းခန့် ကုန်ကျကြောင်း သိရသည်။ 
အထွက်နှုန်းအနေဖြင့် ယခင်နှစ်က တစ် ဧကလျှင် ပိဿာချိန် ၄၅၀ မှ ၆၀ဝ ထိ ထွက်ရှိပြီး ဝါတစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ဈေးဖြင့် ရောင်းချ ခဲ့ရ၍ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၁ သိန်း မှ ၁၇ သိန်းခန့် အကျိုးအမြတ် ရရှိခဲ့သောကြောင့် ယခုနှစ်တွင် တောင်သူများ မှာ ဝါသီးနှံစိုက်ပျိုးခြင်းကို တိုးချဲ့စိုက်ပျိုးလာ ကြောင်း သိရသည်။ 

 

နှင်းလွင်ဦး၊ ကျော်ဇင်ထက် (မကွေး)