Main menu

Background

ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီ ဈေးနှုန်းဈေးကွက်

Wed, 09/03/2025 - 12:17 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊ ကံမ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီ များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်သို့   ပခုက္ကူမြို့နယ်အတွင်းရှိ  ကျွန်းနယ်များ သာမက  ရေနံချောင်း၊  မန္တလေး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း လာရောက် ရောင်းဝယ်ကြသည်။ ပခုက္ကူကြက်သွန်နီ  ဈေးကွက်တွင် ဈေးနှုန်း အနည်းငယ် တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် ၃၅၀ဝ၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။ 
သြဂုတ်လ စတုတ္ထပတ်တွင် ကြက်သွန်နီ ကုန်စည် ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော  ဈေးနှုန်းမှာ  တစ်ပိဿာ လျှင် ထိပ်စ ကျပ် ၁၂၅၀ ၊ အလတ် ကျပ် ၁၀ဝ၀၊ အနိမ့်စ ကျပ် ၈၀ဝ ဖြစ်ပြီး ယခင်ဇူလိုင်စတုတ္ထပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၁၀ဝ ခန့်ဈေးကျနေ၍  အရောင်းအဝယ် ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီ မြို့များသို့ နေစဉ် တင်ပို့နေပြီး ပိဿာချိန် ၃၀ ဝင်အိတ် ၁၀ဝ၀ မှ ၂၀ဝ၀ ထိ တင်ပို့နေကြောင်း သိရသည်။ 
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်း ချနေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၁၈၀ဝမှအနိမ့်ဈေးကျပ် ၁၂၀ဝ နှင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။ 
    

လှိုင်ဥမ္မာဦး(ပခုက္ကူ)