Main menu

Background

မကွေးကုန်စည်ဒိုင်၏ မြေပဲ၊ နှမ်းမျိုးစုံ ဈေးနှုန်းအခြေအနေ

Mon, 10/13/2025 - 11:46 -- journal_editor

မကွေးတိုင်းဒေသကြီး  မကွေးခရိုင် မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မကွေးကုန်စည်ဒိုင်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ် စက်တင်ဘာလ စတုတ္ထပတ်တွင် မကွေးကုန်စည်ဒိုင်မှ သီးနှံဈေးနှုန်းများမှာ  နှမ်းနက်စမုန် ၁၅  ပိဿာ တစ်တင်းလျှင် ကျပ် ၂၃၄၀ဝ၀-၂၃၇၀ဝ၀၊ နှမ်းဖြူ ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀-  ၁၀၂၀ဝ၀၊ နှမ်းနီ ၁၅ ပိဿာ တစ်တင်း လျှင် ကျပ် ၁၀၇၀ဝ၀၊ နှမ်းညို(၁၅) ပိဿာ တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ-၉၂၀ဝ၀ ဖြစ်၍ တစ်ပတ်လျှင် နှမ်း နက် (စမုန်) တန်ချိန် ၁၂၀ ခန့်၊ နှမ်းဖြူတန်ချိန် ၁၅၀ ခန့်၊  နှမ်းနီ(မကွေး) တန်ချိန် ၃၀ ခန့်၊ နှမ်းညိုတန်ချိန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် လုံးဆန်နီတစ်ပိဿာလျှင် ကျပ် ၇၄၀ဝ-၇၅၀ဝ၊ လုံးဆန်ဖြူတစ်ပိဿာလျှင် ကျပ် ၇၆၀ဝ-၇၇၀ဝ၊ မြေပဲဆန်(အောက်ကျ) တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀-၆၂၀ဝ ဖြစ်၍ တစ်ပတ်လျှင် မြေပဲဆန်အုပ်စု  စုစုပေါင်း  တန်ချိန် ၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

လင်းကိုကိုဖြိုး(မကွေး)