စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုး လျက်ရှိသည်။
နေကြာ
အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဆီ နေကြာတစ်တင်းလျှင် ကျပ် ၅၆၀ဝ၀၊ နေကြာညံ့ လျှင် ကျပ် ၅၅၅၀ဝ ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ စက်တင်ဘာလစတုတ္ထ ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆီနေကြာတစ် တင်းလျှင် ကျပ် ၃၀ဝ၀ ဈေးနှုန်းမြင့်တက်လာ ကြောင်း၊ ကန့်ဘလူမြို့နယ်တွင် နေကြာသီးနှံကို ဆီကြိတ်၍ ကုန်ချောထုတ်လုပ်ပြီး ပိုလျှံသော နေကြာများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း ဒေသ တွင်း ပွဲရုံလုပ်ငန်းများထံမှ သိရသည်။
ပဲတီစိမ်း
အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲတီ စိမ်းရိုးရိုး တစ်တင်းလျှင် ကျပ် ၇၆၀ဝ၀၊ ပဲတီစိမ်း ထွက်တိုး တစ်တင်းလျှင် ကျပ် ၈၃၅၀ဝ ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် ကျပ် ၃၀ဝ၀ နှင့် ထွက်တိုးတစ်တင်းလျှင် ကျပ် ၅၅၀ဝ ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း သိရ သည်။
နှမ်း
အောက်တိုဘာလ စတုတ္ထပတ်အတွင်း နှမ်း နက် (စမုန်) တစ်တင်းလျှင် ကျပ် ၂၃၁၀ဝ၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၀၄၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်စက်တင်ဘာ လ စတုတ္ထပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် ကျပ် ၉၀ဝ၀ ဈေးနှုန်းမြင့်တက်လာ ကြောင်း ဒေသတွင်းပွဲရုံများထံမှ သိရသည်။
မြေပဲလုံးဆန်
အောက်တိုဘာလ စတုတ္ထပတ်အတွင်း မြေပဲလုံးဆန်တစ် ပိဿာလျှင် ကျပ် ၇၇၀ဝ နှင့် ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၁၉၂၅၀ဝ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင် စက် တင်ဘာလ စတုတ္ထပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ဝင်းသန်း(ကျွန်းလှ)
