မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ် များတွင် မိုးကြက်သွန် (ခေါ်) ဥစိုက် ကြက်သွန်နီနှင့် ဆောင်း ကြက်သွန်နီ(ခေါ်) အပင်စိုက်များကို နှစ်စဉ်မပျက် အများ အပြား စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးတွင် ဆီထွက် သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာများကို ရာသီ အလိုက် စိုက်ပျိုးလျက်ရှိ သည့်အပြင် ပခုက္ကူ ခရိုင်တွင်လည်း စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိသည်။ ကြက်သွန်နီဈေးကွက်တွင်လည်း ဆိပ်ဖြူ ကြက်သွန်၊ ပခုက္ကူ ကြက်သွန်နှင့် ပေါက်ယောချောင်းကြက်သွန်များမှာ အရည် အသွေးကောင်း၍ လူကြိုက်များသည်။
ကြက်သွန်နီဈေးကွက်တွင် ယခင်နှစ်က စိုက်ပျိုးထွက် ရှိခဲ့သည့် အပင်စိုက် ကြက်သွန်နီများမှာ ကြက်သွန်ဒိုင်ပြတ် ဈေးအနေဖြင့် တစ်ပိဿာလျှင်ကျပ် ၁၁၀ဝ ဖြင့်သာ အရောင်း အဝယ်ဖြစ်နေသည်။ ယခုလက်ရှိဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေသည့် ကြက်သွန်နီများမှာ ဒီဇင်ဘာ၊ ဇန်နဝါရီ လများတွင် အညှောင့်များထွက်လာ၍ သက်တမ်းကုန်ဆုံးမည် ဖြစ်သည့် အတွက် ကြက်သွန်နီစိုက် တောင်သူများအနေဖြင့် ဈေးကောင်းကို မျှော်လင့်၍ မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီ များကို ပခုက္ကူ၊ ရေစကြို၊ ဆိပ်ဖြူမြို့များတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေဝင်ရောက်ရာ ကျေးရွာများတွင် မြစ်ရေကျ ချိန် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် စိုက်ပျိုး လျက်ရှိသည်။
ယခုနှစ် တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်း အားစု၊ ထွန်ရက်စိုက်ပျိုးကုန်ကျစရိတ် ကျပ်၂၅ သိန်းခန့်ကုန် ကျပြီး ခန့်မှန်းအထွက်အနေဖြင့် ပိဿာ ၃၀ဝ၀ ခန့်ထွက်လျှင် ယခု လက်ရှိဈေးအတိုင်း ရောင်းချပါက အကျိုးအမြတ်မရရှိ သော်လည်း အရှုံးမရှိကြောင်း၊ အကယ်၍ ကြက်သွန်နီပေါ် ချိန် ဒီဇင်ဘာ၊ ဇန်နဝါ ရီလများတွင် ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ခန့်ဖြင့် ရောင်းချရလျှင် ကြက်သွန်စိုက်တောင်သူ များ အကျိုးအမြတ်များစွာရရှိနိုင်မည်ကြောင်း သိရသည်။
(မြတ်မင်း - ရေစကြို)
