Main menu

Background

နေပြည်တော်အတွင်း မိုးစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေ

Mon, 12/01/2025 - 13:57 -- journal_editor

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးကောင်း ရေသောက်နှင့် နွေ စပါးစိုက်ပျိုးမှု မရှိသော လယ်မြေများတွင် မိုးစပါးရိတ်သိမ်းမှု အများဆုံးတွေ့ရှိရ  သည်။ နွေစပါးစိုက်ပျိုးခဲ့သော လယ်မြေများတွင် စိုက်ပျိုးထားရှိမှုများသည်လည်း အနှံထွက်ရှိလာသည့် အနေအထားများကို တွေ့ရှိလာရသည်။ မိုးစပါးသစ် ထွက်ရှိ လာမှုအား အခြောက်ခံစက်ရှိ ဆန်စက်ကြီးများမှ ဝယ်ယူမှုအနေအထားကိုသာ တွေ့ရသည်။ တောင်သူများအနေဖြင့် ရိတြွေ်ခစက်ကျ(အစို)ဖြင့် ရောင်းချမှုများ နှင့် နေလှန်းအခြောက်ခံပြီး သိမ်းဆည်းနေမှုများကို တွေ့ရှိနေရသည်။
မိုးစပါးသစ် ဈေးနှုန်းများဖြစ်ပေါ်နေမှုတွင် မနောသုခစပါးနှင့် ဆင်းသုခ စပါးရိတ်သိမ်းမှုများသာ တွေ့ရှိနေရပြီး ဈေးနှုန်း ဖြစ်ပေါ်မှုတွင် တူညီစွာရှိနေသည် ကို တွေ့ရသည်။ မနောသုခစပါး (အစို) တစ်တင်း၁၅ပိဿာလျှင်ကျပ်၁၂၀ဝ၀ ရှိနေသည်။ ယခင်နှစ်လက်ကျန် မိုးစပါးဟောင်း (မနောသုခ) တစ်တင်း ၁၄ ပိဿာ ကျပ်၂၀ဝ၀ဝ ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။ 
မိုးစပါးသစ်ကြိတ်ခွဲမှုများမှ  မိုးဆန်သစ်များအား ရန်ကုန်နှင့် မန္တလေးရှိ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့များသို့ တင်ပို့မှုရှိနေသည်။ ဒေသတွင်း စားသုံးမှုတွင် မိုးဆန်ဟောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ ဝင်ရောက်သော ဆန်များကိုသာ စားသုံးမှုရှိနေသည်ကို သိရသည်။ 

DOCA (နေပြည်တော်)