မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိသည်။ ၎င်းသီးနှံများအနက် ဆောင်းငရုတ်သီးနှံကို ရွှေကြာအင်း၊ ထနောင်းကုန်း၊ သိုတန်ရွာများတွင် အများဆုံး စတင်စိုက်ပျိုးကြရှိသည်။
ဆောင်းငရုတ်ကို အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့် မတ်လများတွင် စတင်ထွက်ရှိမည်ဖြစ်သည်။ ဆောင်းငရုတ်မျိုး အနေဖြင့် ၆၉၂၊ သာမို၊ ဒီမွန်မျိုး များကိုအများဆုံး စိုက်ပျိုးကြသည်။ ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးလာကြသည်။ငရုတ်စိုက်ပျိုးရာတွင် ပျိုးထောင်၍ မြေဘောင်များပြုလုပ်ပြီး စိုက်ပျိုးကြသည်။
ဆောင်းငရုတ်စိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကျပ် ၁၅၀ဝ၀ဝ၀ ခန့် ကုန်ကျကြောင်း၊ မြေဆီမြေ သြဇာကျွေးသည့်အပေါ်မူတည်ပြီး အပင်သက်တမ်းကြာနိုင်ပြီး ကာလရှည်သီးနှံဖြစ် သောကြောင့် အသီးအပွင့်များ ဝေဆာကာအထွက်နှုန်း ပိုကောင်းကြောင်းသိရသည်။
ယခင်နှစ် ဆောင်းငရုတ်ထွက်ရှိချိန်တွင် တစ်ဧကလျှင် အစိုတင်း ၂၀ဝ ကျော် ထွက်ရှိပြီး အခြောက်တင်း ၈၀ ခန့်ထွက်ရှိကြောင်း၊ ပိဿာအနေဖြင့် အစိုပိဿာ ၁၀ဝ၀၊ အခြာက်ပိဿာ ၃၀ဝ-၄၀ဝ ထွက်ရှိကြောင်း၊ ယခင်နှစ် ငရုတ်သီးဈေးနှုန်း အနေဖြင့် ငရုတ်အညှာခြွေ တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ အညှာပါ တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀၊ ငရုတ်သီးမှုန့် တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ ဖြင့် ရောင်းဝယ်ခဲ့ ကြောင်း သိရသည်။
ယခင်နှစ်က ဆောင်းငရုတ်တစ်ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နုတ်ပြီး ကျပ် ၁၈၀ဝ၀ဝ၀ ခန့်မြတ်ကြောင်းသိရသည်။ နိုဝင်ဘာလစတုတ္ထပတ်တွင် ငရုတ်ရှည်အခြောက်ပေါက်ဈေးအနေဖြင့် အညှာခြွေတစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀၊ အညှာပါ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ အမှုန့်တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ဖြင့် ရောင်း ဝယ်လျက်ရှိကြောင်း၊ ငရုတ်သီးထွက်ပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ် ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဆောင်းငရုတ်ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်း များ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်း ဆောင်းငရုတ် စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရှိရသည်။
မော်မော်အောင် ( MDY DOCA)
