မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အတွင်းတွင် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်နှင့် ငရုတ်သီးနှံများအပြင် ဈေးကွက်ဝယ်လို အားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည် များ ရက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်း စိုက်ပျိုး လျက်ရှိသည်။ ခရိုင်အတွင်း မိုးနှောင်းဝါစိုက်ဧက ၄၀၉၃ စိုက်ပျိုးခဲ့ပြီး ၈၇၅ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ် ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရ သည်။
ဝါစိုက်ပျိုးသော ရွာများမှာ ဒိုင်းမြနဒီ၊ မှက္ခရာ၊ ဆင်သည်၊ သပြေ တောင်းရွာများ၌ အများ ဆုံးစိုက်ပျိုးကြသည်။ ဝါစိုက်ပျိုးရာတွင် ဘောင် ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြ ကြောင်း၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆၊ ရွှေတောင် - ၈ မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၂-၃ ထုပ်အထိ ကုန်ကျ ကြောင်း၊ မျိုးတစ်ထုပ်ဈေးနှုန်းအနေဖြင့် ကျပ် ၆၄၀ဝ၀-၆၉၀ဝ၀ ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရ ကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် ၅၀ဝ၀ဝ၀ ခန့် ကုန်ကျပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ပိဿာ ၄၀ဝ-၅၀ဝ ပိဿာခန့် ထွက်ရှိကြောင်း၊ ဝါ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ဝါတစ်ပိဿာ လျှင် ကျပ် ၃၂၀ဝ၊ ယခုလက်ရှိပေါက်ဈေးဝါအသစ် တစ်ပိဿာလျှင် ၃၅၀ဝ-၃၈၀ဝ ကျပ်၊ ဂွမ်းအသစ် တစ်ပိဿာလျှင် ကျပ် ၈၉၀ဝ-၉၀ဝ၀၊ အရည် အသွေးကောင်းမွန်သော ဝါအသန့် တစ်ပိဿာ လျှင် ကျပ် ၄၁၀ဝ၊ ဂွမ်းအကောင်း တစ်ပိဿာလျှင် ၉၈၀ဝ-၁၀ဝ၀ဝ ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများဖြစ် သော ကူမဲမြို့၊ အောင်ကမ္ဘာပွဲရုံသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် ဝါစက် များ၊ ချည်မျှင် ရက်ကန်းရုံများနှင့် မန္တလေးစက်မှု ဇုန်(၁)သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အကျိုး အမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နုတ်ပြီး ကျပ် ၉၀ဝ၀ဝ ခန့်မြတ်ကြောင်း၊ ဝါအထွက်နှုန်းကောင်း မွန်ရန်နှင့် တောင်သူအကျိုးအမြတ် ပိုမိုဖြစ်ထွန်း ရန်အတွက် မျိုးရိုးဗီဇမှန်ကန်သော မျိုးများနှင့် စုပ် စားပိုးဒဏ်ခံနိုင်သော မျိုးများ အာမခံချက်ပေး နိုင်ရန် သက်ဆိုင်ရာဌာန၏ ပံ့ပိုးမှုများ လိုအပ် လျက်ရှိကြောင်း သိရသည်။
MDYDOCA ၊ မော်မော်အောင်
