စိုက်ပျိုးရေးလောကတွင် နှမ်းသီးနှံသည် လူမျိုးဘာသာမရွေး စားသုံးကြသော ဆီထွက်သီးနှံတစ်မျိုးဖြစ်၍ အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် နှမ်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံစာရင်းများထဲတွင် မြန်မာနိုင်ငံပါဝင်နေပြီး နှမ်းသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် အများဆုံးစိုက်ပျိုးသည့် အပြင် တောင်ပေါ်ဒေသ အပူပိုင်းနေရာများတွင်လည်း စိုက်ပျိုးကြသည်။ နှမ်းသီးနှံ ကို ရာသီအလိုက် စိုက်ပျိုးကြပြီး မိုးနှမ်းကို မိုးဦးကျကာလ မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး ဆောင်းနှမ်းကို မိုးကုန်ကာလ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် စိုက်ပျိုးကြသည်။
နှမ်းအမျိုးအစားများမှာ နှမ်းနီ၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းဝါ၊ နှမ်းနက် ဟူ၍ အမျိုး အစားများရှိသည့်အနက် နှမ်းနက်(ခေါ်) စမုန်နက်နှင့် နှမ်းဖြူတို့သည် ဈေးကောင်း ရပြီး ပြည်တွင်း စားသုံးသည့်အပြင် ပြည်ပသို့တင်ပို့ရာတွင် ဈေးကောင်းရရှိလျက် ရှိသည်။ နှမ်းစေ့ကို သန့်စင်ပြီးပြည်တွင်း၌ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် မုန့်လုပ်ငန်း များတွင် အသုံးပြုကြသည်။ နှမ်းလှော်၊ နှမ်းပျစ်၊ နှမ်းကပ်ကြော်၊ နှမ်းစေ့ဖြင့် မုန့် အမျိုးမျိုးပြုလုပ်ကြသည့်အပြင် ဆီကြိတ်၍လည်း စားကြသည်။ နှမ်းဆီစားသုံး ခြင်းသည် ကျန်းမာရေးအတွက် ညီညွတ်သည့်အပြင် စီးပွားရေးအရ အကျိုးအမြတ် လည်းရသည်။ ဆီကြိတ်ခြင်းမှ ထွက်ရှိလာသော နှမ်းဖတ်များကို အဓိက ကျွဲ၊ နွား၊ ဝက် အပြင် အခြားသော တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့် မွေးမြူရေး လုပ်ငန်းများအတွက် အထောက်အကူပြုအကျိုးဖြစ်စေသည်။ နှမ်းစေ့တွင် ပရိုတင်း၊ ဗီတာမင် ြ၊ ဗီတာမင် န ၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် င်္ငဘနမ စသော ဓာတ် များပါဝင်သည်။ နှမ်းဆီတွင် ပါဝင်သည့် မပြည့်ဝဆီက သွေးတွင်း ကိုလက်စထရော ကိုလျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည့် အဆီဓာတ်များ ပါဝင်ခြင်း၊ ၎င်းအပြင် ဇင့်၊ ကယ်လ်စီယမ်များပါဝင်သောကြောင့် အရိုးပွခြင်းကို ကာကွယ်ပေးပြီး အရိုးအဆစ်များ သန်မာစေ ခြင်း၊ နှမ်းဆီကို ပုံမှန်စားသုံးပေးခြင်း ဖြင့် သွေးတိုးရှိသူများ သွေးပေါင်ချိန်ကို ကျဆင်းစေခြင်း စသည့် ကောင်းကျိုးများ ရရှိစေသည်။
နှမ်းစိုက်တောင်သူများအနေဖြင့် တောင်ပေါ်ဒေသ မြေမျက်နှာသွင်ပြင် အနေအထားနှင့် မြေပြန့်စိုက်ပျိုးမှုမတူညီကြပါ။ နှမ်းပင်သည် ရေဝပ်သောအခြေ အနေကို ကြောက်သည့်အတွက် တောင်စောင်းများတွင်စိုက်ပျိုးမည်ဆိုပါက လှေ ကားထစ်သဖွယ် မြေများပြုလုပ်၍ ရေစီးရေလာကောင်းအောင် မြောင်းများ ဖောက် လုပ်ရမည်။ သို့မှသာ နှမ်းပင်များသည် ကျန်းမာသန်စွမ်း ကောင်းမွန်ပြီး အထွက်တိုး လည်းကောင်းမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ စီးပွားရေးအတွက်လည်း အကျိုး ရှိသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ရေးသားလိုက်ရသည်။
ကယားမြေ
