Main menu

Background

ယခုနှစ်ဈေးကောင်းရသောဝါသီးနှံ

Sat, 01/10/2026 - 12:16 -- journal_editor

မိတ္ထီလာခရိုင်အတွင်း   ချဉ်မျှင် ရှည်ဝါအစိုက်များသော်လည်း   မလှိုင် မြို့နယ်တွင်ဒေသမျိုးဖြစ်သည့် မလှိုင်ဝါ (ချည်မျှင်တို)ကိုလည်း     စိုက်ပျိုးမှုရှိ ကြောင်းသိရသည်။ ယခုနှစ် ချည်မျှင် ရှည်ဝါ ၃၅၇၄၄ ဧကနှင့် ချဉ်မျှင်တိုဝါ ၄၁၁၄ဧက စိုက်ပျိုးခဲ့ပြီး    တစ်ဧက အထွက်နှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ မှာ ပိဿာ ၄၀ဝခန့်နှင့် ချည်မျှင်တိုဝါမှာ ပိဿာ ၁၀ဝ ထွက်ရှိကြောင်း    သိရ သည်။
မိတ္ထီလာဈေးကွက်၌ ဒီဇင်ဘာလ စတုတ္ထပတ်တွင် ဝါဈေးနှုန်းများ ဆက် လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရ သည်။  အောက်တိုဘာလမှစ၍ ဈေး ကွက်သို့ဝင်ရောက်လာသော ဝါဈေး နှုန်းမှာ တစ်ပိဿာလျှင်ကျပ် ၃၀ဝ၀-၃၂၀ဝ ရှိခဲ့ရာ ယခုနှစ် မိုးများသည့် အတွက် ဝါအထွက်နှုန်းလျော့ကျမည်ဟု ခန့်မှန်းကာ ဈေးပေး ဝယ်ယူလာခြင်း ကြောင့် ဝါဈေးနှုန်းများ ကောင်းလာ သည်။ အောက်တိုဘာလကုန်ပိုင်းတွင် ဝါတစ်ပိဿာ ကျပ် ၄၂၀ဝ-၄၅၀ဝ ထိ မြင့်တက်ခဲ့သော ဝါဈေးမှာ ဒီဇင်ဘာလ လယ်တွင် ကျပ် ၅၅၀ဝ-၅၇၀ဝ ထိ မြင့် တက်လာခဲ့သည်။ ဒီဇင်ဘာလကုန်ပိုင်း တွင်   တစ်ပိဿာလျှင်  ကျပ် ၅၅၀ဝ အထက်မှာရှိပြီး ခြောက်သွေ့ပါက တစ် ပိဿာ ကျပ် ၆၀ဝ၀ အထိ ဈေးရကြောင်း သိရသည်။ 
ဝါဈေးများ မြင့်တက်လာသော် လည်း  ဂွမ်းဈေးအနေဖြင့် မြင့်တက်မှု နည်းသည့်အတွက်   ဝါဂွမ်းစက်များ အနေဖြင့်  တွက်ခြေမကိုက်ဘဲ စက် လည်ပတ်ရ‌ကြောင်း ဝါဂွမ်းစက်ပိုင်များ ထံမှ သိရသည်။   
ဂွမ်းဈေးအနေဖြင့် အောက်တို ဘာလကုန်ပိုင်းက    တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ-၁၀၅၀ဝ ရှိခဲ့ပြီး ဝါဈေး မြင့်လာသည့်   ဒီဇင်ဘာလဆန်းတွင် ကျပ် ၁၂၅၀ဝဖြင့် မန္တလေးမြို့ရှိ ပုဂ္ဂလိက ချည်မျှင်စက်များသို့    ရောင်းချခဲ့ရ ကြောင်း၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ဂွမ်း တစ်ပိဿာလျှင်   ကျပ် ၁၃၀ဝ၀- ၁၃၅၀ဝ သို့ ဈေးမြင့်တက်လာကြောင်း သိရသည်။

သင်းသင်းမြတ် (DOCAမိတ္ထီလာ)