Main menu

Background

မကွေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်း ဈေးကွက် အခြေအနေ

Tue, 02/03/2026 - 10:37 -- journal_editor

မကွေးတိုင်းဒေသကြီး  မကွေးခရိုင်  မကွေးမြို့နယ် အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်း ကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက် ရှိသည်။
နှမ်း
၂၀၂၆ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်တွင် နှမ်းနီ တစ် တင်းလျှင် ကျပ် ၁၁၅၀ဝ၀၊   နှမ်းဖြူ   တစ်တင်းလျှင်  ကျပ် ၁၂၈၀ဝ၀၊ နှမ်းနက်(စမုန်) တစ်တင်းလျှင်  ကျပ် ၂၅၀ဝ၀ဝ၊ နှမ်းညိုကျား တစ်တင်းလျှင် ကျပ် ၁၀၂၀ဝ၀ ဖြစ်၍ ယခင်တစ် ပတ်နှင့် နှိုင်းယှဉ်ပါက နှမ်းဖြူ ကျပ် ၁၀ဝ၀ဝ ဈေးမြင့်တက်ခဲ့ သည်။ ကျန်နှမ်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး တစ်ပတ် အတွင်း  မကွေးမြို့မှ မန္တလေးမြို့သို့ နှမ်းအိတ်ရေ  ၅၀ဝ၊ ရန်ကုန်မြို့သို့ နှမ်းအိတ်ရေ ၅၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန်၁၁၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ကုလားပဲ
ကုလားပဲ (ူံ) တစ်တင်းလျှင် ကျပ် ၇၉၀ဝ၀၊ ကုလားပဲ ၉၂၉ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကုလားပဲ (ူံ) ကျပ် ၅၅၀ဝ ဈေးကျပြီး ကုလားပဲ ၉၂၉ ကျပ် ၅၀ဝ ဈေး တက်ခဲ့ကြောင်း၊ ဒေသတွင်း ကုလားပဲစိုက်ပျိုး ရာသီချိန်ဖြစ်၍ အရောင်းအဝယ် အေးနေကြောင်း၊ တစ်ပတ်အတွင်း မကွေး မြို့မှ မန္တလေးမြို့သို့ အိတ်ရေ ၅၀ဝ၊ ရန်ကုန်မြို့သို့ အိတ်ရေ ၁၀ဝ၀ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၅၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲလွမ်းဝါ
ပဲလွမ်းဝါ တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ် ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့  အိတ်ရေ ၁၀ဝ၀၊ ရန်ကုန်မြို့သို့ အိတ်ရေ ၂၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၆၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
မတ်ပဲ
မတ်ပဲ တစ်တင်းလျှင် ကျပ် ၈၁၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ တစ်ပတ် အတွင်း မကွေးမြို့မှ ရန်ကုန်မြို့သို့ အိတ်ရေ ၇၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပဲစင်းငုံ
ပဲစင်းငုံနီ  တစ်တင်းလျှင် ကျပ် ၉၅၅၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက ကျပ် ၆၀ဝ၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဒေသတွင်း ပဲစင်းငုံအသစ်များ လှိုင်လှိုင်ထွက်ရှိနေပြီး အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ ရန်ကုန် မြို့သို့ အိတ်ရေ ၅၅၀ဝ တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် တန် ၁၀ဝ၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
  

 ရဲမင်းသာ (မကွေး)