Main menu

Background

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများဖြန့်ဝေ

Tue, 03/03/2026 - 12:41 -- journal_editor

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင်တင်ရေး ရန်ပုံ ငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နွေစပါးများဖြန့်ဝေပေးလျက်ရှိ ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် စိုက် ဧက ၁၀၉၀ လျာထားသတ်မှတ်ထားပြီး ၎င်းစိုက်ပျိုးရန် သတ်မှတ်လျာထား သည့် စိုက်ဧကများအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုးမည့် ကျေးရွာအုပ်စု ကိုးစုမှကျေးရွာ၁၉ ရွာရှိ တောင်သူ၃၃၅ ဦးက ကွင်း ၁၂ ကွင်း ဖြင့် နွေစပါးစိုက်ပျိုးဧက ၈၉၀ အား စိုက်ပျိုးသွားမည်ဖြစ်သည်။ 
ယင်းသို့ နိုင်ငံ့ စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရာတွင် သက်ဆိုင် ရာဌာနများက  ကြီးကြပ်စေရန် ငွေနှစ်သိန်းငါးသောင်းကျပ်အား အကျိုးတူ ကုမ္ပဏီအားပေးအပ်၍ ၎င်းကုမ္ပဏီမှ နွေစပါးစိုက်တောင်သူများအား ငွေကျပ် နှစ်သိန်းငါးသောင်းတန်ဖိုးနှင့်  ညီမျှသည့်  စပါးမျိုးစေ့၊  ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို ပေးအပ်သွားမည်ဖြစ်သည်။ 
အဆိုပါပေးအပ်သည့် ကုမ္ပဏီအား ငွေကျပ်နှစ်သိန်းငါးသောင်းနှင့်ညီမျှ  သည့် နွေစပါးများကို ကာလပေါက်ဈေးနှုန်းဖြင့် ပြန်လည်ပေးအပ်ရမည်ဖြစ် သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် နွေစပါး စိုက် တောင်သူများအား စိုက်ပျိုးရေးရှေ့တန်းတာဝန်ခံများက စပါးမျိုးစေ့များ အား ကျေးရွာအရောက် ကွင်းဆင်း၍ဖြန့်ဝေပေးလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် နွေစပါးစိုက်ဧကများတွင်  ျွွှ-၁၁ မှော်ဘီ၊ ကောက်ညင်း၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း-၂ နှင့် မနောသုခ မျိုးစပါးများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။          

 

စိမ်းစိမ်းထွေး (မိတ္ထီလာ)