စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူ မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာနှင့် မြေပဲဆန် စသည့် သီးနှံများ၏ ဖေဖော်ဝါရီလ စတုတ္ထပတ် ဈေးနှုန်းများ ကို စုစည်း ဖော်ပြလိုက်ပါသည်။
နှမ်း
ကန့်ဘလူမြို့နယ်၌ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ် ၂၄၀ဝ၀ဝ၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဈေး နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဖေဖော်ဝါရီလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၂၀ဝ၀ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။
ဆီနေကြာ
ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၇၅၀ဝ၊ နေကြာညံ့လျှင် ကျပ် ၅၇၀ဝ၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဆီနေကြာ တစ်တင်း လျှင် ကျပ် ၅၀ဝ ဈေးနှုန်းမြင့်တက်လာကြောင်း သိရ သည်။
မြေပဲဆန်
ကန့်ဘလူမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆန်များကို ဒေသ တွင်းရှိ စိုက်ပျိုးသူများထံမှ လည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိရာ ဖေဖော် ဝါရီလ စတုတ္ထပတ်အတွင်း မြေပဲလုံးဆန် တစ်ပိဿာလျှင် ကျပ် ၇၂၀ဝ နှင့် ၂၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၁၈၀ဝ၀ဝ ဈေးနှုန်းဖြင့်လည်းကောင်း၊ မြေပဲအတောင့် တစ်တင်းလျှင် ကျပ် ၃၇၀ဝ၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက် ရှိရာ ယခင်တစ်ပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက မြေပဲဆန် ဝင်ရောက်မှုနည်းလာပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာ ကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သိရသည်။
ဝင်းသန်း(ကျွန်းလှ)
