မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသ တစ်ခု ဖြစ်သောကြောင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက် ရှိရာ ၎င်းသီးနှံများအနက် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံများဖြစ်သော ကုလားပဲ၊ ပဲကြီး၊ ပဲယင်းစသည့်သီးနှံများ စတင်ထွက် ပေါ်လျက်ရှိသည် ။ ကုလားပဲသီးနှံအား၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ်တွင် ကျောက်ဆည် ခရိုင်တွင် ၈၁၂၁၄ ဧက စိုက်ပျိုးထားရှိပြီး မျိုးအနေဖြင့် ၉၂၉၊ ထိုင်ဝမ်မျိုး၊ ဠ၂ ၊ ဠ၇ စသည့်မျိုးများအား အများဆုံး စိုက်ပျိုးလျက်ရှိသည်။
စတင်ထွက်ပေါ်သည့် ဇန်နဝါရီလလယ်ပိုင်းတွင် တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြင့် ရောင်းချရသော်လည်း ဖေဖော်ဝါရီလတွင် သီးနှံများ ဖြိုင်ဖြိုင်ထွက် ပေါ်နေပြီဖြစ်သောကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပြီး တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ-၇၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ခ၊ သွင်းအားစု၊ ြွေခလှေ့ခ၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် ၄၅၀ဝ၀ဝ ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ၁၂-၂၀ တင်းခန့် ထွက်ရှိကြောင်း သိရသည်။
ပဲကြီးသီးနှံအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်၌ ၁၃၃၂ ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် ပဲကြီးများ စတင်ထွက်ရှိနေသည်။တစ်ဧက ကုန်ကျစရိတ်အနေဖြင့်မျိုး၊ ထွန်ခ၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် ၄၀ဝ၀ဝ၀ ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ၁၀-၁၅ တင်းခန့် ထွက်ရှိကြောင်း၊ ဖေဖော် ဝါရီလတွင်ပွဲရုံများ၌ ပဲကြီးအခြောက် တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ဝ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပဲယင်းသီးနှံအား၂၀၂၅-၂၀၂၆ဘဏ္ဍနှစ်တွင် ကျောက်ဆည်ခရိုင်အတွင်း မြစ်သားမြို့နယ်တွင်သာ စိုက်ပျိုးထားရှိပြီး ဧက ၅၁၀ စိုက်ပျိုးထားရှိကြောင်း၊ ယခု အချိန်တွင် ပဲယင်းများစတင်ထွက်ရှိနေပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် ၂၀ဝ၀ဝ၀ ခန့်ကုန်ကျပြီး တောင်သူများအနေဖြင့် အပင်ရှင်သန်ကြီးထွားနိုင်မှုအတွက် အထူးဂရုစိုက်ရ ကြောင်း၊ အထွက်နှုန်းအနေဖြင့် ၁၀-၁၅ တင်းခန့် ထွက်ရှိကြောင်း၊ ပဲယင်းအသေး တစ်တင်းလျှင် ကျပ် ၆၃၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ၎င်းသီးနှံများအား တောင်သူများမှ ဈေးကွက်ရှိရာ မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ ရောင်းချပြီး ပွဲရုံများမှလည်း မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရ သည်။
Mdydoca, ဇော်မင်းလတ်
