Main menu

Background

ပြည်ပဲမျိုးစုံနှင့်နှမ်းဈေးကွက်

Thu, 04/09/2026 - 11:08 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ဒေသတွင်း ဝယ်လိုအားနှင့် စားသုံးမှုများသော ပဲများသာ လက်လီ/လက်ကား ရောင်းဝယ်မှုဖြစ်လျက်ရှိခဲ့သည်။ 
ထိုပဲများ၏ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာ တွင် အောက်ပါအတိုင်း တွေ့ရှိရသည်-
စဉ်      ပဲအမျိုးအစား    ရေတွက်ပုံ    ဇန်နဝါရီ    ဖေဖော်ဝါရီ    မတ်(ကျပ်)
၁။      မြေပဲဆီဆန်          ပိဿာ        ၉၀ဝ၀         ၉၀ဝ၀    ၁၀၅၀ဝ  

၂။        မြေပဲလုံးဆန်       ပိဿာ        ၉၆၀ဝ          ၉၂၀ဝ    ၁၁၅၀ဝ    

၃။        မတ်ပဲ                တင်း        ၉၁၀ဝ၀         ၉၇၀ဝ၀   ၉၆၅၀ဝ    

၄။        ပဲစင်းငုံ             တင်း         ၉၆၀ဝ၀        ၉၆၅၀ဝ    ၉၂၀ဝ၀    

၅။        ကုလားပဲ(HL)    တင်း    ၈၂၀ဝ၀    ၈၀ဝ၀ဝ    ၈၂၀ဝ၀
၆။        ပဲကြီး               တင်း     ၁၉၀ဝ၀ဝ    ၁၂၅၀ဝ၀    ၁၇၀ဝ၀ဝ
၇။        ဗိုလ်ကိတ်ပဲ      တင်း    ၆၈၀ဝ၀    ၇၀ဝ၀ဝ    ၇၀ဝ၀ဝ
၈။        စားတော်ပဲ       တင်း    ၁၈၀ဝ၀ဝ    ၁၈၀ဝ၀ဝ    ၂၀ဝ၀ဝ၀

ပြည်ဈေးကွက်တွင် မြေပဲဆန်(ဆီဆန်)ဈေးများမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ် ပိဿာလျှင် ကျပ် ၉၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လကုန်ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၀၅၀ဝ ဖြင့် ၁၅၀ဝ ဈေးနှုန်းများမြင့်တက်လာခဲ့သည်။ ဈေးကွက်အနေဖြင့် ဆီစက်လုပ်ငန်းရှင် သမားများက ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။
မြေပဲဆန်လုံးဆန်ကို မြို့တွင်းပဲကြော်ပဲလှော်သမားများနှင့် မကွေးဘက်မှဝယ်ယူမှုရှိ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ကျပ် ၉၆၀ဝ မှ မတ်လ ကုန်ပတ်တွင် တစ်ပိဿာလျှင် ကျပ်  ၁၁၅၀ဝ သို့ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
မတ်ပဲဈေးနှုန်း များအနေဖြင့် ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၁၀ဝ၀၊ ဖေဖော်ဝါရီလတွင် ကျပ်  ၉၇၀ဝ၀ ဖြင့် မတ်လကုန်ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၆၅၀ဝ ဖြင့် ဈေးအနည်းငယ် ကျဆင်း လာခဲ့သည်။ မတ်ပဲကို ဒေသတွင်းသာ ဝယ်ယူမှုရှိပြီး လက်လီသမားများနှင့် ပဲလှောင်လက်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစင်းငုံဈေးမှာ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၉၆၀ဝ၀ ရှိရာမှ မတ်လကုန်ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၂၀ဝ၀ ဖြင့် ကျပ် ၄၀ဝ၀ ခန့် ဈေးများကျဆင်းလာ ခဲ့သည်။
ကုလားပဲ(HL) ဈေးမှာ ဇန်နဝါရီလနှင့် မတ်လတွင်တစ်တင်းလျှင် ကျပ်  ၈၂၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။ ကုလားပဲကို မြို့တွင်းပဲခွဲစက်များမှ ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် အိတ် ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲကြီးဈေးမှာ အခြားပဲများထက်စာလျှင် ဈေးမှာ ကျပ်သိန်း ဂဏန်းအထက်ရှိပြီး ဇန်နဝါရီလ တွင် တစ်တင်းလျှင် ကျပ်  ၁၉၀ဝ၀ဝ ဖြစ်ပြီး မတ်လတွင် ကျပ် ၁၇၀ဝ၀ဝ ဖြစ်သဖြင့် ကျပ် ၂၀ဝ၀ဝ ဈေးကျလာခဲ့သည်။ ပဲကြီးကို ပဲလှော်ဖိုသမားများနှင့် လက်လီသမားများ မှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ကိတ်ပဲဈေးမှာ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်  ၆၈၀ဝ၀၊ ဖေဖော်ဝါရီလနှင့် မတ်လ တို့တွင် တစ်တင်းလျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်သည်။ 
စားတော်ပဲဈေးများမှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်းလျှင် ကျပ်  ၁၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လတွင် ကျပ် ၂၀ဝ၀ဝ၀ ဖြင့် ဈေး ကျပ် ၂၀ဝ၀ဝ ခန့် မြင့်တက်လာခဲ့ သည်။ စားတော်ပဲမှာ ဈေးကောင်းရသည့် ပဲသီးနှံတစ်မျိုးဖြစ်ပြီး ဈေးကွက်တွင်လည်း ရောင်းအား ကောင်းသော ပဲတစ်မျိုးဖြစ်သည်။ 
နှမ်း
ပြည်ခရိုင် ပြည်မြို့၏ နှမ်းဈေးကွက်တွင် နှမ်းဈေးများ ယခင်အတိုင်းငြိမ်နေသည်ကို တွေ့ရ သည်။ ပြည်ဈေးကွက်တွင် နှမ်းသီးနှံများထွက်ပေါ်ချိန်တွင်သာ ဈေးကွက်တွင် နှမ်းများရှိပြီး နောက် ပိုင်းအချိန်များတွင် ဝယ်လိုအားကောင်းသဖြင့် လက်ကျန်နှမ်းများ ရှားပါးသွား၍  ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ရန် ယခင်လှောင်နှမ်းများဖြင့်သာ ပုံမှန်ရောင်းဝယ်လျက်ရှိကြသည်။ နှမ်း ဈေး နှုန်းများမှာ နှစ်စမှစ၍ ယခုအချိန်အထိ ဈေးပြောင်းလဲမှုမရှိဘဲ မတ်လနောက်ဆုံးပတ်တွင် နှမ်းနီ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ဝ နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ၀ ဖြင့် တစ်နေ့လျှင် အိတ် ၅၀-၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်သည်ဟု သိရသည်။
ပြည်ခရိုင်အနေဖြင့် နှမ်းထွက်ရှိမှုမှာ အထွက်နှုန်းကောင်းပြီး ခရိုင်အတွင်း အရောင်းအဝယ်ဖြစ် သည့်အပြင် အခြားတိုင်းဒေသကြီးများမှလည်း ဝယ်ယူမှုရှိသည်။ နှမ်းနီကိုမြို့တွင်း ဆီစက်သမား များက ဝယ်ယူမှုရှိပြီး နှမ်းနက်နှင့် စမုန်နက်နှမ်းကို ရန်ကုန်၊ မန္တလေး၊ မကွေးဝယ်လက်များက ဝယ်ယူ မှုရှိသည်။ နှမ်းဆီဈေးအနေဖြင့်လည်း တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။                                                                                                              

ဝေဝေမင်း(ပြည်)