ပဲစင်းငုံ
မိတ္ထီလာခရိုင်တွင် ပဲမျိုးစုံအနက် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအာ းရှိသည့် ပဲစင်းငုံကို အဓိက စိုက်ပျိုးကြသည်။ ဈေး ကွက်အတွင်း မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ် များမှ ကျေးရွာများမှထွက်ရှိသော ပဲစင်းငုံများ မြို့ပေါ်ပွဲရုံ များ၌ တစ်ရက်လျှင် အိတ် ၅၀-၁၀ဝ ခန့်သာ ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မတ်လ စတုတ္ထပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ် နေသော ပဲစင်းငုံဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြစ်ပြီး ယခင်လ ကာလတူနှင့်ယှဉ်လျှင် ပဲစင်းငုံတစ်တင်း လျှင် ကျပ် ၈၀ဝ၀ ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်း ကျဆင်းလာရခြင်းမှာ ဈေးကွက်လက်ကျန်နည်းခြင်း၊ ပြည်ပ ဝယ်လက်နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
နှမ်း
မိတ္ထီလာမြို့ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ရာသီချိန်တွင် အဝင် များပြီး လက်ရှိကာလတွင်အနည်းငယ်သာ ဝင်ရောက်လျက်ရှိ ကြောင်း သိရသည်။
မတ်လစတုတ္ထပတ်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ် လျှင်အိတ် ၃၀-၄၀ ခန့်သာ အရောင်းအဝယ်လျက်ရှိကြောင်း၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀ ၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင် လနှင့် ကာလတူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၈၀ဝ၀ ခန့် ဈေးနှုန်းမြင့် တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက် အတွင်း ကုန်ကြမ်းလက်ကျန် နည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ဆီကြိတ်စက်များမှ အများဆုံး ဝယ်ယူကြကြောင်း သိရသည်။
ကြက်သွန်နီ
စားဖိုဆောင်သီးနှံများ တစ်မျိုးဖြစ်သည့် ကြက်သွန်နီကို မိတ္ထီလာခရိုင်အတွင်း အများအပြား စိုက်ပျိုးရာ ယခုနှစ် ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီတွင် မိုးကြက်သွန်နီ ၈၄၉ ဧကနှင့် ဆောင်းကြက်သွန်နီကို ၇၇၇၂ ဧက စိုက်ပျိုးခဲ့ကြောင်း သိရ သည်။ မိုးကြက်သွန်နီကို နိုဝင်ဘာလ၊ ဒီဇင်ဘာလများက နုတ်သိမ်းခဲ့ရာ သီးနှံပေါ်စက တောင်သူရောင်းဈေး တစ် ပိဿာလျှင် ကျပ် ၁၀ဝ၀ ဝန်းကျင်ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။ ဆောင်းကြက်သွန်နီကို မတ်လ၊ ဧပြီလများတွင် စတင်နုတ်သိမ်းလေ့ရှိရာ ယခုအခါ ဈေးကွက်သို့ နွေကြက်သွန် နီ (ခေါ်)ဆောင်းစိုက်ကြက်သွန်နီများ စတင်ဝင်ရောက်လာ ပြီဖြစ်ကြောင်းသိရသည်။
ကြက်သွန်နီဈေးနှုန်း အနေဖြင့် မတ်လ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် ဆောင်းကြက်သွန်နီမှာ ကျပ် ၁၅၀ဝ ၊ မိုး ကြက်သွန်နီမှာ ကျပ် ၁၂၀ဝ-၁၃၀ဝ ဈေးရှိပြီး မိုးကြက်သွန်နီ နှင့်ယှဉ်လျှင် ဆောင်းကြက်သွန်နီမှာ အထားခံသည့်အတွက် ဈေးကောင်းပိုရလေ့ရှိသည်။ ဆောင်းကြက်သွန်နီမှာ ရေသွင်း စိုက်ပျိုးရသဖြင့် ယခုအခါ ရေသွင်းခြင်း မပြုတော့ဘဲ ဆော လျင်စွာ နုတ်သိမ်းမှုများရှိလာကြောင်းကိုလည်း ကြက်သွန်နီ ကုန်သည်များထံမှ သိရသည်။
စားသုံးဆီ
မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို စိုက်ပျိုးကြပြီး ထွက်ရှိလာသော သီးနှံများကို ကုန်ကြမ်းအနေဖြင့်ရောင်းချမှုအပြင် ဒေသတွင်း ဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်ပြီး ဒေသတွင်းစားသုံးမှုအပြင် အခြားဒေသများဖြစ်သည့် ရန်ကုန်၊ တောင်ကြီး၊ ကျောက် ဆည်၊ ပျော်ဘွယ်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိ သည်။
မတ်လစတုတ္ထပတ် မိတ္ထီလာဈေးကွက်တွင် ဖြစ်ပေါ်နေ သော ဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင်ကျပ် ၂၀ဝ၀ဝ၊ နှမ်းဆီ တစ်ပိဿာလျှင်ကျပ် ၁၆၀ဝ၀-၁၈၀ဝ၀၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ပဲဆီ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ခန့် ဈေးနှုန်း မြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှ ကုန် ကြမ်းဈေး မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဆီစက်လုပ် ငန်းရှင်ထံမှ သိရသည်။
မြို့ရီ၊ သင်းသင်းမြတ် (MDY DOCA )
