ပဲမျိုးစုံနှင့် နှမ်း
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် မြေပဲတစ်ပိဿာ လျှင် မြေပဲလုံးဆန် ကျပ် ၁၁၀ဝ၀ ခန့်၊ မြေပဲဆီ ဆန် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ခန့်ရှိသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၃၅၀ဝ၀ဝ ခန့်ရှိသည်။ နှမ်းနက်(ရိုးရိုး) ဈေး နှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၆၇၀ဝ၀ဝ ခန့်ရှိသည်။
မတ်လ တတိယပတ်တွင် မြေပဲတစ်ပိဿာ လျှင် မြေပဲလုံးဆန် ကျပ် ၁၀ဝ၀ဝ ရှိရာမှ မတ်လ နောက်ဆုံးပတ်တွင် ကျပ် ၁၁၀ဝ၀၊ မြေပဲဆီဆန် ကျပ် ၉၇၀ဝ ရှိရာမှ ကျပ် ၁၀ဝ၀ဝ၊ နှမ်းဖြူ မန္တလေး ဈေးမှာ ၄၅ ပိဿာတစ်အိတ်လျှင် ကျပ် ၃၂၅၀ဝ၀ ရှိရာမှ ကျပ် ၃၅၀ဝ၀ဝ ရှိကြောင်း ဘုရင့်နောင်ကုန် စည်ဒိုင် ပဲနှမ်းအသင်းမှ သိရသည်။
ကြက်သွန်နီ
၂၀၂၆ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင် ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ(ပင်လေး)၊ မြစ်သား၊ တောင်တွင်း၊ မုံရွာဒေသတို့မှ ကြက်သွန်နီ ၁၀၇၄၀ဝ၀ ပိဿာ ဝင်ရောက်ခဲ့ပြီး ၆၀ ရာခိုင်နှုန်း ခန့် ပြန်လည် စီးထွက်မှုရှိခြင်းကြောင့် ကြက်သွန်နီ လက်ကျန်မှာ ၄၂၉၆၀ဝ ကျန်ရှိကြောင်း ကုန်စည် ဒိုင်မှသိရသည်။ မြစ်သား ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၈၀ဝ၊ အသန့်မှာ တစ် ပိဿာ ကျပ် ၂၇၀ဝ၊ အကြီးမှာ ကျပ် ၂၈၀ဝ၊ ရှယ် မှာ ကျပ် ၂၄၀ဝ၊ ဆိပ်ဖြူ (ပင်လေး) ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၃၀ဝ၊ အသန့် မှာတစ်ပိဿာ ကျပ် ၂၀ဝ၀၊ အကြီးမှာ ကျပ် ၂၀ဝ၀၊ ရှယ်မှာ ကျပ် ၂၀ဝ၀၊ တောင်တွင်း ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀ဝ၊ အသန့် မှာ တစ်ပိဿာ ကျပ် ၁၈၀ဝ၊အကြီးမှာ ကျပ် ၁၈၀ဝ၊ ရှယ်မှာ ကျပ် ၁၈၀ဝ၊ မုံရွာကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၃၀ဝ၊ အသန့် မှာတစ် ပိဿာ ကျပ် ၁၉၀ဝ၊ အကြီး မှာ ကျပ် ၁၉၀ဝ၊ ရှယ် မှာ ကျပ် ၁၉၀ဝ ဈေးတို့ အသီးသီးရှိကြောင်း စုံစမ်း သိရသည်။
မတ်လ နောက်ဆုံးပတ်တွင် ဆိပ်ဖြူ(ပင် လေး)၊ တောင်တွင်းနှင့် မြစ်သား ကြက်သွန်နီ ဈေး နှုန်းများမှာ ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် တက်လျက်ရှိကြောင်း သိရသည်။
တင်တင်ရီ၊ စောသန္တာသောင်း
DOCA (ရန်ကုန်)
