Main menu

Background

လိမ္မော်သီးတန်ချိန် ၄ဝဝ ခန့်ထိုင်းနိုင်ငံသို့ဖေဖော်ဝါရီ ဒုတိယပတ်မှာတင်ပို့နိုင်

Mon, 03/01/2010 - 07:06 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့လိမ္မော်သီး တန်ချိန် ၄၈၅ခန့် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် ၉ဝ ခန့်သာတင် ပို့နိုင်ခဲ့သဖြင့် ယခု အပတ်မှာ တန်ချိန် ၃၉ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။   မိုင်းဆတ်မြို့နယ်၊ နန်ကျမ်းကျေးရွာ၊ တာချီလိတ်မြို့နယ်  ဝမ်ကျောက်လုံ ကျေးရွာများက  စိုက်ပျိုးထွက်ရှိတဲ့ လိမ္မော်သီးများကို တာချီလိတ် နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်သို့တင်ပို့ခြင်း ဖြစ်ပါ တယ်။ အချိုရည်ပြုလုပ်ရန်  ကုန်ကြမ်းအဖြစ်ဝယ်ယူကြတာဖြစ်တဲ့အတွက်အသီးအရွယ်အစားမရွေးအရိုင်းအဖြစ်တန်ချိန်ဖြတ်ဝယ်ယူနေကြတာလို့လည်းသိရပါ တယ်။လိမ္မော်သီး တစ်တန်ကို ၁၈၅ ဒေါ်လာနှုန်း ဈေးပေါက်လျက်ရှိပါတယ်။ Source နကသ (တာချီလိတ်) MIRT(DOBT)