Main menu

Background

လေအိပ်ချွတ်ယွင်းသဖြင့် ဟွန်ဒိုင်းကားများပြန်သိမ်း

Thu, 03/11/2010 - 05:31 -- Anonymous (not verified)

     လေအိပ်စနစ်ချွတ်ယွင်းတဲ့အတွက် အမေရိကန်ပြည်ထောင်စုအတွင်းရှိ မော်တော်ယာဉ် ၅၁၅ စီးကို မိမိတို့ ဆန္ဒ အလျောက် ပြန်လည်သိမ်းယူခဲ့ကြောင်း တောင်ကိုရီးယား ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီက ကြေညာပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာ ၁ဝ ရက်က ၃ဝ ရက် အတွင်း တောင်ကိုရီးယားမှာထုတ်လုပ်ခဲ့ပြီး အမေရိကန်ကိုတင်ပို့ခဲ့တဲ့ ''တပ်ဆန်စပို့ ယူတီလီတီ'' ကားများကို ပြန်လည်သိမ်းယူမှာဖြစ်တယ်လို့ ဟွန်ဒိုင်းကုမ္ပဏီက ပြောကြားပါတယ်။      ရှေ့ပိုင်းရှိ ခရီးသည်ထိုင်ခုံမှာရှိတဲ့ လေအိပ်စနစ်ချွတ်ယွင်းမှုဖြစ်နေတဲ့အတွက် ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အတွက် ပြန်လည်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။Source:Xinhua