Main menu

Background

ဝယ်လက်ကောင်းတဲ့ရှမ်းချင်း

Sat, 03/06/2010 - 05:47 -- Anonymous (not verified)

    ရှမ်းပြည်နယ်တောင်ပိုင်းကထွက်တဲ့ ချင်းဈေးက ဒီတစ်ပတ်မှာလည်း ဈေးအနည်းငယ်တက်လာပါတယ်။ ပြည်ပက ဝယ်လိုအားများပြီး အထွက်နှုန်းကလည်း  မများတော့ ပစ္စည်းလက်ကျန်က နည်းနေပြီလို့ သိရပါတယ်။ မနှစ်ကထွက်တဲ့ ချင်း ခြောက်ဟောင်းက ဒီတစ်ပတ်ဈေးကွက်မှာ တစ်ပိဿာ ၁၆၅ဝ ကျပ်-၁၇ဝဝ ကျပ်ရှိပါတယ်။ ဒါပေမယ့် အဲဒီချင်းခြောက် ကလည်း လှောင်လက်တွေမှာသာ အနည်းငယ်ကျန်ရှိတယ်လို့သိရပါတယ်။ ချင်းခြောက်အသစ်တွေရဲ့ဈေးက ဒီတစ်ပတ်မှာ တစ်ပိဿာ  ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်ရှိပါတယ်။ ဟိုပုံးဘက်ကထွက်တဲ့ ချင်းသစ်တွေလည်း ဝယ်လိုအားများနေတာကြောင့် လက်ကျန်အနည်းငယ်သာ ရှိတော့တယ်လို့ ဒေသခံ ကုန်သည်တွေဆီက သိရပါတယ်။    ဧဧခိုင်