Main menu

Background

ဝယ်လိုအားများတဲ့ အမိုးရိုက်သံ

Fri, 02/26/2010 - 15:38 -- Anonymous (not verified)

      မြန်မာနိုင်ငံအတွင်းသို့ ဆောက်လုပ်ရေးသုံး ပစ္စည်းများဖြစ်တဲ့ အိမ်ရိုက်သံ Iron Nail နဲ့ အမိုးရိုက်သံ Roofing  Nail   များ ကို မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ယခုအပတ်အတွင်း တင်သွင်းခဲ့ပါတယ်။     အမိုးရိုက်သံကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ တစ်တန်လျှင် ဒေါ်လာ ၇၀၀ နှုန်းနဲ့ အမိုးရိုက်သံ တန် ၂၀ တင်သွင်း ခဲ့ပြီး ရွှေလီကြယ်ဂေါင်ဈေးမှာ တစ်တန်လျှင် ၅၇၀၀ ယွမ်၊ ကျပ်နဲ့ဆို ၈၂၈၀၀၀ ပေါက်ပါတယ်။      မန္တလေးပေါက်ဈေးကတော့ တစ်တန်ကို ကျပ် ၁၄ သိန်းကျော်ကျော် လောက်ရှိပါတယ်။ သယ်ယူစရိတ် အပါအဝင် ကုန်ကျ စရိတ်များနှုတ်ပြီးလျှင် တစ်တန်ကို အမြတ်သုံးသိန်းကျော်ကျော် လောက်ကျန်တဲ့အတွက် တွက်ခြေ ကိုက်လျက်ရှိနေပါတယ်။    လတ်တလောဝယ်လိုအားများနေတာက Roofing  Nail   ဖြစ်နေတော့ မြန်မြန်ရောင်းအားစွံတဲ့ အမိုးရိုက်သံပဲ သွင်းနေကြတယ် လို့သိရပါတယ်။                                                                                                    Source: နကသ (သွင်းကုန်)မြင့်အောင်