Main menu

Background

သကြား

Fri, 02/19/2010 - 14:08 -- Anonymous (not verified)

ဈေးကွက်မှာ သကြားပြတ်လပ်တာကို လျှော့ချဖို့တရုတ်အစိုးရက အရန်ထဲက ထုတ်ရောင်းမယ်     တရုတ်နိုင်ငံမှာ ရာသီဥတုဆိုးရွား လို့ ကြံခင်းများပျက်စီးခဲ့ပြီး ဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် သကြားပြတ် လပ်မှုကို ဖြည့်ဆည်းဖို့ အစိုးရမှ သကြား အရန်သိုလှောင်မှုတွေ ထုတ်ရောင်းဖွယ် ရှိတယ်လို့ သိရပါတယ်။    အကောက်ခွန်ဌာနရဲ့  ခန့်မှန်းချက်အရ ကမ္ဘာမှာ သကြားအများဆုံး စားသုံးတဲ့ အိန္ဒိယပြီးရင် ဒုတိယနေရာကလိုက်တဲ့ တရုတ်နိုင်ငံဟာ ကြံစိုက်ပျိုးတဲ့ တရုတ်တောင်ပိုင်း ဒေသတွေမှာ ရာသီ ဥတု အအေးလွန်ကဲမှုနဲ့ မိုးခေါင်မှုတွေ ပါ   ကြုံရတာ ကြောင့် သကြားအထွက် လျော့ကျတဲ့အတွက်   ဒီနှစ်အတွင်း သကြားတန်ချိန် ၂ သန်းကျော် လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။      ၂၀၀၉ ခုနှစ် နှစ်ကုန်ကစပြီး ပြည် တွင်း သကြားဈေးနှုန်းဟာ ၇၃ ဒသမ ၁၂ ရာခိုင်နှုန်းမြင့်တက်ကာ တစ်တန်ကို တရုတ်ယွမ် ၅၂၄၂  (ကန်ဒေါ်လာ ၇၆၇)ဈေး  ဖြစ်ခဲ့ပါတယ်။  ၂၀၁၀ စက်တင်ဘာလ   အရောက်ပို့ရမယ့် သကြားဖြူဈေးနှုန်းဟာ Zhengzhou ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၄ ဒသမ ၀၁ရာခိုင်နှုန်း မြင့် တက်ပြီး ယွမ် ၅၇၅၆  (ကန်ဒေါ်လာ ၈၄၃) ဈေးဖြစ်ခဲ့ပါတယ်။      ပြည်တွင်း  လိုအပ်ချက်ကို ဖြည့် ဆည်းဖို့ သကြား ပိုမိုတင်သွင်းရမယ့် အစား အစိုးရဟာ ပြည်တွင်းဈေး ကွက် အတွင်း ဈေး ကစားမှုတည်ငြိမ်ဖို့ ၎င်းင်း ရဲ့အရန်သိုလှောင်ထားတဲ့ သကြားတွေ ထုတ်ရောင်းဖွယ်ရှိတယ်လို့  လေ့လာ ဆန်းစစ်သူများက ဆိုပါတယ်။ ဒါပေမဲ့ သကြားမလုံလောက်မှုကြောင့် ဈေးနှုန်း ဆက်လက်  မြင့်တက်ဖွယ်ရှိတယ်လို့ လည်း ဆိုပါတယ်။      အကောက်ခွန်စာရင်းအရ ၂၀၀၉ ခုနှစ်မှာ တရုတ်နိုင်ငံဟာ သကြား တန် ချိန် ၁ ဒသမ ၀၆ သန်း တင်သွင်းခဲ့ရာ ယမန်နှစ်က ထက် ၃၆ ဒသမ ၅ ရာခိုင် နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ သကြားဈေး မြင့်တက်မှုကြောင့် ၂၀၀၉ ခုနှစ် သြဂုတ်လမှာ သကြားတင်သွင်းမှု သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဆိုပါ တယ်။  ှသကမခနျါ် ဃ့ငညေ ိငေူပယမင်းခင်