Main menu

Background

သကြားလက်ကျန်တွေ ထုတ်ရောင်းလာလို့ လန်ဒန်မှာသကြားဈေးကျ

Wed, 02/24/2010 - 10:21 -- Anonymous (not verified)

    ကုန်သည်များနဲ့ ရင်းနှီးမြှုပ်နှံသူများရဲ့ ဈေးနှုန်းကျဆင်းမယ့် ခန့်မှန်းချက်တွေအရ ယခုနှစ်လက်ကျန် သကြားတွေ ထုတ်ရောင်း နေတာကြောင့် လန်ဒန်မှာ သကြားဖြူဈေးနှုန်း ကျဆင်းလာပါတယ်။ မနှစ်က အိန္ဒိယနဲ့  ဘရာဇီးမှာ ရာသီဥတုဆိုးရွားလို့ သကြားဈေး ၈၄ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပါတယ်။ လန်ဒန်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မေလအတွက် သကြားဖြူ ဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၇ ဒသမ ၁၀ ကျဆင်းပြီး ကန်ဒေါ်လာ ၇၀၆ ဒသမ ၉၀ ဈေးဖြစ်လို့ ဖေဖော် ဝါရီလ ၅ ရက်နေ့ကစပြီး အနိမ့်ဆုံးကို ကျဆင်းလာခြင်းဖြစ်ပါတယ်။ မေလအတွက်  အရောင်းအဝယ်လုပ်တဲ့ သကြားကြမ်းဈေးနှုန်းမှာ လည်း တစ်တန်ကို ၂ ရာခိုင်နှုန်းကျ ဆင်း ပြီး ကန်ဒေါ်လာ ၅၆၅ ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။                                                                                                               ယမုံနာှ                                                                                                 Sources: bloonberg.com