Main menu

Background

သကြား

Wed, 02/24/2010 - 10:14 -- Anonymous (not verified)

မန်းဈေးကွက် ကုန်ကြမ်းအဝင်များလို့ဈေးအေး    မန္တလေးသကြားဈေးကွက်မှာ ပေါင်းစက်များကို ကုန်ကြမ်းအဝင် များတာကြောင့် သကြားဈေးနှုန်း ကျဆင်းလာတယ်လို့ သိရပါ တယ်။     ယခုတစ်ပတ်မှာ အထက်ပိုင်း ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ မိုးတား၊ မြတောင်မြို့နယ်များမှ ကြံထွက်ချိန် ဖြစ်လို့ ပွက်သားအဝင်မျာ းတယ်လို့ သိရပါတယ်။ မိုးတားမြို့နယ်က ထွက် တဲ့ ကုန်ကြမ်းဟာ မန္တလေးမြို့ကို တစ် နေ့ ပိဿာချိန် ၅ သောင်းဝန်းကျင် ဝင်ရောက် ပြီး အဦးဆုံးထွက်ခဲ့တဲ့ ရွှေဘို၊ စဉ့်ကူး၊ သပိတ်ကျင်း၊ လက်ပံလှမြို့နယ် များမှ ပွက်သား အဝင်လျော့လာ ကြောင်း သိရပါတယ်။    မန္တလေးဈေးကွက်သို့ ပွက်သားများ လာရောက်ရောင်းချသူ တစ်ဦးက အခုတစ်ပတ်မှာ မိုးတားရွာဘက် က ပွက်သားအဝင်များ တယ်။ ဒီနယ်ဘက် က ရာသီဥတုကြောင့်နဲ့ မနှစ်က မကိုက်တော့ မြေသြဇာမထည့်နိုင်တဲ့အတွက် မြေညံ့တယ်။ အထွက်နှုန်း မကောင်းဘူး။ အချိုအားနည်းတယ်။ ဒါ့ကြောင့် ပွက်သားဈေးနည်းလာတယ်။ အခုနှစ်တော့ အမြတ်ကောင်းကောင်း ရပါတယ်။ ဗန်းမော်ဘက်ကကြံထွက်က မနှစ်ကလောက်မများတော့ဘူး}} လို့ ပြောပါတယ်။     သကြားနှင့် သကာရည်ကထိန်တော် အသင်း (မန္တလေး) ဥက္ကဌက ပစ္စည်း က အဝင်များလာတဲ့အတွက် ပွက်သား ဈေးရော၊ သကြားဈေးပါ ဈေးနှုန်း ကျလာခဲ့တယ်။ ပွက်သားဈေးက သိသိသာသာကျလာတယ်။ ကုန်ကြမ်း က တစ်နေ့ကို မော်တော် ၁၀ စီးနဲ့ ၁၅ စီးကြားဝင်ရောက်မှုရှိတယ်။ တောင် သူတွေအတွက် ဒီနှစ်အမြတ် ကောင်း ကောင်းရပါတယ်။ စက်ရုံကြီး ရောင်းတဲ့ ဈေးက ကြံတစ်တန်ကို  ၂၀၀၀၀ ကျပ်နဲ့ ၂၅၀၀၀ ကျပ်ကြားမှာရှိပြီး ဒီဘက်မှာ ပွက်သားလာရောင်းရင် ၄၀၀၀၀ ကျပ်နဲ့ ၄၅၀၀၀ ကြားမှာရှိ တော့ တွက်ခြေကိုက်တယ်။ ဒါ့ကြောင့် ကုန်ကြမ်းအဝင်များလာတာလို့ ပြောပါတယ်။     သကြားဈေးနှုန်းများမှာ အမြင့်ဆုံး ဈေးနှုန်း ၁၃၅၀ ကျပ်ထိဈေးမြင့်ခဲ့ရာမှ ဖေဖော်ဝါရီ တတိယပတ်မှာ အေအုပ်စု ၁၁၇၀ ကျပ်၊ ဘီအုပ်စု ၁၁၆၀ ကျပ်၊ စီအုပ်စု ၁၁၄၀ ကျပ်ဈေး ကိုပြန်အေး ပါတယ်။ ပွက်ရည်ဈေးနှုန်းမှာ ၆၈၀ ကျပ်၊ ၆၉၀ ကျပ်ရှိပြီး တင်လဲရည်ဈေး နှုန်းမှာ ၃၃၀ ကျပ်ဈေးဖြင့် အရောင်း အဝယ်ပြုလုပ်ကြောင်း သိရပါတယ်။                                                                                                                                    ဇူးဇူး