Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများနှင့် တညင်းကုန်းဈေးကြီး၌ ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Thu, 09/22/2022 - 15:48 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိ မင်္ဂလာဈေးတွင် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်း များမှာ ဝမ်းတွင်းမှ ဖရဲသီး (၂၁၁) အလုံးကြီး ကျပ် ၁၂၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀ ၊ အလုံး သေး ကျပ် ၇၀ဝ၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာ သီး(ကီလို) အလုံးကြီး ကျပ် ၄၀ဝ၊ အလုံးလတ် ကျပ် ၃၀ဝ ၊ အလုံးသေး ၂၀ဝ မှ ၁၀ဝ၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၇၀ဝ၊ အလုံးလတ်  ကျပ် ၆၀ဝ၊ အလုံးသေး ကျပ် ၅၀ဝ၊  တိုက်ကြီးမှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀ဝ မှ ၂၂၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀ မှ ၁၇၀ဝ၊ အလုံးသေး ကျပ် ၁၅၀ဝ မှ ၁၂၀ဝ၊ ၁၀ဝ၀ မှ ၈၀ဝ၊ ၅၀ဝ မှ ၃၀ဝ၊ ရပ်စောက်မှ  သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာအလုံး ၅၀ လုံးပါ ကျပ် ၂၅၀ဝ၀၊   အလုံးလတ်  သေတ္တာ အလုံး ၆၀ ပါ ကျပ် ၂၀ဝ၀ဝ၊ အလုံးသေး သေတ္တာ အလုံး ၇၅ ပါ ကျပ် ၁၈၀ဝ၀၊ ရပ်စောက်မှ သရက် သီး (ရင်ကွဲ) ရိုးရိုးအလုံးကြီး သေတ္တာ အလုံး ၆၀ လုံးပါ ကျပ် ၁၈၀ဝ၀၊  အလုံးလတ် သေတ္တာ အလုံး ၇၅ ပါ ကျပ် ၁၅၀ဝ၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါ   ကျပ် ၁၃၀ဝ၀၊  ပြင်ဦးလွင်မှ နဂါးမောက်သီး(နီ) ၊ (ဖြူ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၃၀ဝ၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀ဝ၀ဝ၊ အလုံးသေး ၃၀ လုံးပါ  ကျပ် ၇၀ဝ၀၊ ပြည် မှ သြဇာသီး အလုံးကြီး သေတ္တာ အလုံး ၁၂၀ လုံးပါ ကျပ် ၁၉၀ဝ၀၊ အလုံး သေး ၃၀ လုံးပါ ကျပ် ၃၅၀ဝ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေး ရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း (ငြ်္ဠဏ) မှ သိရှိရသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်း  လက်ကား ဈေးကြီးအတွင်းသို့ စက်တင်ဘာ ၂ ရက်မှ ၈ ရက် အတွင်း  ညောင်တုန်း၊  မှော်ဘီ၊  သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊  ကြာကန်စုကျေးရွာ၊ နေပြည်တော်၊  တပ်ကုန်း၊  ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊  လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။
ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တ ပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၃၀ဝ မှ ၂၂၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၃၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်)ကျပ် ၅၀ဝ မှ ၁၃၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀ဝ မှ ၂၄၀ဝ အတွင်း၊  မုန့်လာဥနီ (ပိဿာ) ကျပ် ၁၃၀ဝမှ ၁၇၀ဝအတွင်း ရွှေဖရုံသီး (လုံး)ကျပ် ၂၀ဝ၀ မှ ၃၀ဝ၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀ဝ မှ ၁၅၀ဝ အတွင်း၊ မုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀ဝ မှ ၁၆၀ဝ အတွင်း၊ ကြက် သွန်နီ(ဆိပ်ဖြူ)ကျပ် ၃၀ဝ၀ မှ ၃၈၅၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ) ၃၀ဝ၀ မှ ၃၅၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)(ပိဿာ) ကျပ် ၄၆၀ဝ မှ ၅၀ဝ၀ အတွင်း၊ ချင်း(ပိဿာ) ကျပ် ၈၀ဝ မှ ၁၂၀ဝ အတွင်း၊ ဆလတ်ရွက် (စီး) ကျပ် ၁၀ဝ မှ ၂၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀ဝ အတွင်းဖြစ်ကြောင်း သိရှိရသည်။

မြင့်မြင့်စန်း(ရန်ကုန်)