Main menu

Background

မန္တလေးမြို့၏ သစ်သီးဝလံဈေးကွက်

Tue, 01/07/2025 - 11:33 -- journal_editor

စတော်ဘယ်ရီ
စတော်ဘယ်ရီသီးကို ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် ပအိုဝ်နီမျိုးများကို စိုက်ပျိုးပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ်တွင် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးကြသည်။ ယခုအခါတွင် တောင်ပေါ်ဒေသမှ ပျိုးပင် များကို ပုပ္ပားတောင်ခြေတစ်ဝိုက်တွင် စမ်းသပ်စိုက်ပျိုး အောင်မြင် နေပြီဖြစ်သည်။ 
စတော်ဘယ်ရီမျိုးအနေဖြင့် ဒေသသီး၊ ထိုင်ဝမ်မျိုး အြွကပ်ချို မွှေး စတော်ဘယ်ရီသီး၊ ဂျပန်ချိုမွှေးသီးဟူ၍သုံးမျိုးရှိကြောင်း သိရ သည်။ စတော်ဘယ်ရီကို ဇူလိုင်လမှ  အောက်တိုဘာလအထိ စိုက် ပျိုးချိန် ယူရပြီး စတင်ထွက်ရှိချိန်မှ ဧပြီလကုန်အထိ ခူးဆွတ်ယူနိုင် ကြောင်း သိရသည်။  
စတော်ဘယ်ရီသီးမှာ ခန္ဓာကိုယ်ကို  အကျိုးပြုစေသည့် ဓာတ် များစွာ ပါဝင်သည်။ ယခင်နှစ်က စတော်ဘယ်ရီ များလှိုင် လှိုင်ပေါ် သည့် ဖေဖော်ဝါရီတွင် ဈေးကွက်အတွင်းတွင် ဒေသသီး တစ်ပိဿာ လျှင် ကျပ် ၈၀ဝ၀၊ ထိုင်ဝမ်အြွကပ် ချိုမွှေးသီး တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ဂျပန်ချိုမွှေးသီး တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀  ဈေးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ယခုနှစ်  စတော်ဘယ်ရီ ပေါ်ဦးပေါ် ဖျားချိန်တွင် ဂျပန်စတော်ဘယ်ရီချိုမွှေးသီး  တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၀ခန့်နှင့် ထိုင်ဝမ်မျိုး အြွကပ် စတော်ဘယ်ရီသီး တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ ခန့်ရှိပြီး ဒေသသီးမှာ မထွက်ရှိသေးကြောင်း စတော် ဘယ်ရီစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
အသီးတင်သာမက စတော်ဘယ်ရီအရွက်ကို လက်ဖက်ရည် ကဲ့သို့ ဖျော်သောက်ပေးခြင်းဖြင့်လည်း အာဟာရဓာတ်များကို ရရှိစေ သည်ဟု သိရသည်။ ထို့ကြောင့် စတော်ဘယ်ရီသည် ကျန်းမာရေး အတွက်  အထောက်အကူဖြစ်၍ အသုံးဝင်သော သီးနှံတစ်မျိုး ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
ထောပတ်သီး
မန္တလေးဈေးကွက်အတွင်း ဒီဇင်ဘာလ  ဒုတိယပတ်မှစ၍  ထောပတ်သီး ဝင်ရောက်မှုများပြားကြောင်း သိရသည်။  မန္တလေးဈေး ကွက်သို့ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်မြောက်ပိုင်း) ဒေသတို့မှ ထွက်ရှိသည့်ထောပတ်သီးများ ဝင်ရောက်လျက်ရှိသည်။ ထောပတ်သီးကို အာဟာရဓာတ်စာအဖြစ် စားသုံးခြင်း၊ ဖျော်ရည်၊ စားသောက်ကုန်နှင့် လူသုံးကုန်များတွင်   ပါဝင်ထည့်သွင်း အသုံးပြု ခြင်းသာမက ပြည်ပသို့တင်ပို့ ရောင်းချလျက်ရှိသည်။ 
ပြည်တွင်းမှ စိုက်ပျိုးသော ထောပတ်သီး အမျိုးအစားများမှာ ပီတာဆန် (Peterson) မျိုး၊ Russel 034/034)မျိုး၊ အမရာမျိုး (ဒေသမျိုး)၊  ဘာဘေးနီးယား (Buccaneer) မျိုး၊ ပင်ကာတန်   (Pinkerten))မျိုး၊  ဟက်စ် Hass)) မျိုး၊ မြောက်ကျွန်းသူ (ဒေသမျိုး)တို့   ဖြစ်ကြောင်း သိရသည်။  မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင် နှင့် တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် ဟက်စ် Hass မျိုး၊  ဒေသမျိုး ဖြစ်သည့် အမရာမျိုးနှင့် မြောက်ကျွန်းသူမျိုး  (ဒေသမျိုး) ထောပတ် သီးများ ဝင်ရောက်မှုများကြောင်း တွေ့ရသည်။  ပြင်ဦးလွင်နှင့် တောင်ကြီးဒေသထွက် ဟက်စ် Hass အမျိုးအစား ထောပတ်သီးများ မှာ   အစေ့သေး၍    အသားပါဝင်မှုများသည့်အတွက် လူကြိုက်များ ကြောင်းသိရသည်။ မန္တလေးဈေးကွက်တွင် ပြင်ဦးလွင်နှင့် တောင်ကြီး ဒေသထွက် ထောပတ်သီးဟက်စ်Hass အမျိုးအစား လက်လီဈေး မှာ  တစ် ပိဿာလျှင် ကျပ်  ၉၀ဝ၀ နှင့် ကျပ်  ၁၀ဝ၀ဝ၊  တောင်ကြီး ရွာငံဒေသထွက် အမရာမျိုးထောပတ်သီး မှာ လုံးဝန်းပြီး လတ်ဆတ် မှုရှိပြီး    တစ်လုံးလျှင် ကျပ် ၁၀ဝ၀ နှင့် ကျပ် ၁၅၀ဝ၊  ပြင်ဦးလွင် ဒေသထွက် မြောက်ကျွန်းသူမျိုး  ထောပတ်သီးမှာ တစ်လုံးလျှင် ကျပ် ၈၀ဝ နှင့်  ကျပ် ၁၂၀ဝ ဈေးတို့ဖြင့် အရွယ်အစားပေါ် မူတည်၍ ရောင်းချလျက်ရှိကြောင်းတွေ့ရသည်။
ကီလိုမာလကာ 
ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှု အပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုး လျက်ရှိရာ  တောင်လွှဲကျေးရွာ၊    တောင်နောက်ကျေးရွာ၊ သံရွာ ကျေးရွာ၊ သံနောက်ကျေးရွာနှင့်  အရှေ့သပြေကုန်းကျေးရွာများတွင် အများဆုံး   စိုက်ပျိုးကြပြီး ဈေးကွက်ဝယ်လိုအားရှိသည့်  ကီလို မာလကာပင်များကိုလည်း စိုက်ပျိုးလာကြသည်။ ၎င်းသီးနှံကို  ယာ မြေများတွင် သြဂုတ်၊ စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြ သည်။ မိုးဦးကျကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန် နိုင်ပြီး  အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ်စည်းမျိုးပင်ကို တစ်နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင်သည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် ၄-၅ နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက် မြေထုပ်ပျိုးပင်သည် ၁ နှစ်ခွဲ ၂ နှစ်အတွင်းမှာ အသီးသီးကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက် မြေထုပ် စည်း အပင်ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။ 
ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစားပေါ်မူတည်၍  ကျပ် ၁၅၀ဝ-၂၅၀ဝ-၃၅၀ဝ-၄၀ဝ၀ အထိ  ဈေးနှုန်းရှိသည်။  တစ်ဧကလျှင် ကီလိုမာလကာပင်  ၃၅၀ ပင် စိုက်ပျိုးကြပြီး  တစ်နှစ်ခွဲသားတွင် ရောင်းတန်းဝင် အသီးများ စတင်ခူးဆွတ်ရကြသည်။  စတင် ခူးဆွတ် ချိန်တွင် မာလကာသီးအလုံး ၉၀ဝ-၁၀ဝ၀ ခန့် ခူးဆွတ်ရကြောင်း၊ မိုးဦးကျနှင့် မိုးရာသီတွင် အသီး အမြောက်အမြားထွက် ရှိသော်လည်း ဆောင်းနှင့် နွေတွင် အသီးအထွက်နှုန်း လျော့နည်းကြောင်း သိရ သည်။ ကီလိုမာလကာသီး တစ်လုံးလျှင် လက်လီဈေး ကျပ် ၇၀ဝ-၅၀ဝ၊ လက်ကားဈေး အလုံးအကြီး၊ အသေးပေါ်မူတည်၍ ကျပ် ၃၀ဝ-၄၀ဝ ရှိသည်။ မာလကာသီးတွင် ဗီတာမင်စီများစွာ ပါဝင်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး စီးပွားလည်းဖြစ် ဝင်ငွေလည်း တိုးသော ကြောင့် စီးပွားရေး တွက်ခြေကိုက်ကြောင်း  တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ချိုမီကျော်၊ ယဉ်ယဉ်ရွှေ ၊ မြတ်သက်ခိုင်

Ref: Green Way, Dr.Khin Saw Nwe