Main menu

Background

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Tue, 03/03/2026 - 13:51 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေး တွင်   ဖေဖော်ဝါရီ   နောက်ဆုံးပတ်   သစ်သီးအဝင်များမှာ မော်လမြိုင်မှ ကျွဲကောသီးတစ်လုံး ကျပ် ၁၀ဝ၀-၂၀ဝ၀-၃၅၀ဝ၊ ဘီးလင်းမှ ပိန္နဲသီးတစ်လုံး ကျပ် ၁၀ဝ၀ဝ-၂၀ဝ၀ဝ-၃၅၀ဝ၀၊ ပန်းတိုင်မှ သခွားမွှေးသီး  ခြင်းတစ်ခြင်း ကျပ် ၂၅၀ဝ၀- ၃၀ဝ၀ဝ၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီသီး ခြင်းတစ်ခြင်း ကျပ် ၃၀ဝ၀ဝ-၃၅၀ဝ၀၊ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ-၁၂၀ဝ၀-၁၅၀ဝ၀၊ အောင်ပန်းမှ လိမ္မော်သီး တစ်လုံး ကျပ် ၆၀ဝ-၈၀ဝ၊ ပြည်မှ ဆီးသီး(ချဉ်) တစ်ပြည် ကျပ် ၂၅၀ဝ၊ ပဲခူးမှ  စိမ်းစားဥတစ်တွဲ ကျပ် ၁၅၀ဝ-၂၀ဝ၀၊ တိုက်ကြီး၊ မန္တလေးမှ မာလကာသီး အိတ်တစ်အိတ် ကျပ် ၄၀ဝ၀ဝ-၁၀ဝ၀ဝ၀၊ ခရမ်းမှ ဖရဲသီး (၈၅၅) တစ်လုံး ကျပ် ၁၀ဝ၀ဝ-၁၂၀ဝ၀-၁၅၀ဝ၀၊ ခရမ်းမှ ဖရဲသီး (၂၁၁) တစ်လုံး ကျပ် ၁၀ဝ၀- ၄၀ဝ၀-၅၀ဝ၀၊ ရှမ်းပြည်မှ ပန်းသီးတစ်သေတ္တာကြီး ကျပ် ၁၄၅၀ဝ၀၊ ရှမ်းပြည်နယ်မှ ထောပတ်သီး တစ်လုံးကျပ် ၇၀ဝ-၉၀ဝ တိုု့ကြောင်း သစ်သီးဈေးနှုန်းများသည် ဈေးနှုန်းမြင့်တက် မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းများ အနည်း ငယ်သာပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်   ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရ သည်။

စောသန္တာသောင်း DOCA    -ရန်ကုန်)