Main menu

Background

သမုဒ္ဒရာများပူနွေးလာခြင်းနှင့်ရာသီဥတုပြောင်းလဲလာမှု

Wed, 03/10/2010 - 07:05 -- Anonymous (not verified)

     တချို့လူတွေက ကမ္ဘာကြီး ပူနွေးလာနေတာကို မယုံကြည်ကြဘူး။ ဖြစ်ရိုးဖြစ်စဉ် သဘာဝ တရားကြီးရဲ့ ပြောင်းလဲမှုရလဒ်လို့ပဲ ယုံကြည်နေ ကြပါတယ်။ တချို့ကတော့ လူတွေရဲ့ ပယောဂဖြစ်တဲ့  ကာဗွန်ဒိုင်အောက်ဆိုက်လို  ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ တွေနှစ်ပေါင်းများစွာ အမြောက်အမြား  ထုတ်လွှတ်ခဲ့လို့  ကမ္ဘာကြီး ပူနွေးလာတာကို လက်ခံယုံကြည်ကြပါတယ်။     ရာသီဥတုပြောင်းလဲလာမှုနဲ့ ပတ်သက်ပြီး ပုံနှိပ်ဖြန့်ဝေခဲ့တဲ့ သုတေသနစာတမ်း အများ အပြားဟာ ကမ္ဘာ့ပတ်ဝန်းကျင် လေထု အပေါ်မှာ အခြေခံပြီး လေ့လာတင်ပြခဲ့ကြတာကို တွေ့ ရပါတယ်။ ဒီလိုတင်ပြနိုင်ခဲ့တာကလည်း ကမ္ဘာ့ လေထုနဲ့ပတ်သက်တဲ့ တိကျတဲ့မှတ်တမ်းမှတ်ရာတွေ  ပြည့်စုံကောင်းမွန်ခဲ့တာကြောင့်  တစ်ကြောင်း၊  လူတို့ရဲ့  လုပ်ဆောင်မှုတွေကလည်း လေထုညစ် ညမ်းပူနွေးလာအောင် မျက်မြင်ဖန် တီးနေကြတာကြောင့် တစ်ကြောင်း၊ ဖြစ်ပါတယ်။ လေထုအတွင်း သိတာထင်ရှားတဲ့ ပြောင်း လဲမှုကြီး တစ်ခုကတော့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့လို ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေဟာ နေရောင်ခြည်က အပူဓာတ် ငွေ့တွေကို ဖမ်း ယူထိန်းသိမ်းထားတဲ့အတွက်  ကမ္ဘာ့လေထုကို ပိုမို ပိုနွေးလာစေခြင်းပဲ ဖြစ်ပါတယ်။     ဒါပေမယ့် ကယ်လီဖိုးနီးယားပြည်နယ်၊ လာဂျိုလာမြို့မှာရှိတဲ့  စခလစ်  အဏ္ဏဝါဗေဒပညာ တက္ကသိုလ်မှ   ဒေါက်တာတင်း(မ်) ဘားနတ်ဟာ အမေရိကန် နိုင်ငံခေတ်မီတိုးတက်တဲ့ သိပ္ပံပညာ ဆိုင်ရာအဖွဲ့ကို တင်သွင်းခဲ့တဲ့ သုတေသနစာတမ်း တစ်စောင်ထဲမှာ ရာသီဥတု  ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကမ္ဘာ့လေထုတစ်ခုတည်းကိုသာ လေ့လာ နေကြတာဟာ နေရာလွဲှမှားနေတယ်လို့ ထောက် ပြခဲ့ပါတယ်။ သူ့အနေနဲ့ ပင်လယ်သမုဒ္ဒရာတွေကို လည်း လေ့လာဖို့ တိုက်တွန်းလိုတယ်လို့  ဆိုပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေထုဟာ လေထု ထက် အပူဓာတ်ကို ပိုမိုပြီးထိန်းသိမ်းထားရှိနိုင်လို့ ပဲဖြစ်တယ်လို့ ညွှန်ပြခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ ကြီး  ပူနွေးလာမှုကိုဖြစ်ပေါ်စေတဲ့  အပူဓာတ် အများစုဟာ ပင်လယ်သမုဒ္ဒရာတွေကြောင့် ဖြစ် နိုင်တယ်လို့ သူကတ္တုချခဲ့ပါတယ်။ (တခိုျ့ သိပ္ပံ ပညာရှင်တွေက သမုဒ္ဒရာရေမျက်နှာပြင် ပူနွေးလာမှုကြောင့် မုန်တိုင်းတွေ ပိုမိုဖြစ်ပွား၊ ပြင်းထန် လာပြီး ရာသီဥတုကို ဆိုးဝါးလာစေတယ်လို့ ယူဆ ပါတယ်။)     ဒေါက်တာတင်း(မ်) ဘားနတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း  ၆၅ နှစ်ကနေ ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ သမုဒ္ဒရာအပူချိန်တွေကို လေ့လာခဲ့ပါ တယ်။ သူက ၁၉၄ဝ ပြည့်နှစ်ကစပြီး သမုဒ္ဒရာတွေရဲ့ အပူ ချိန်ဟာမြင့်လာပြီး ပိုမိုပူနွေးလာခဲ့တာ ၁၉၆ဝ ပြည့်နှစ်နောက်ပိုင်းမှာ သိသိသာသာပိုနွေး လာ ကြောင်း  သိရှိရတယ်လို့  တင်ပြထားပါတယ်။ သမုဒ္ဒရာတွေရဲ့ ရေအနက် မီတာ ၇ဝဝ မှာရှိတဲ့ အပူချိန်ဟာ ပြောင်းလဲမှုမရှိသလောက် တွေ့ရ ပေမယ့် ရေမျက်နှာပြင်နားမှာရှိတဲ့ အပူချိန် ဟာ  စဲလ်စီးယပ်စ်  ဒီဂရီထက်ဝက် လောက် မြင့်တက်လာခဲ့တာ  တွေ့ရှိရတယ်လို့  သိရပါ တယ်။ ဒါကြောင့် တခြားဇလဗေဒ ပညာရှင်တွေ ယုံကြည်ခဲ့သလို လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ် အတွင်း  ကမ္ဘာကြီးဟာ  ပိုပြီးပူနွေးလာကြောင်း ဒေါက်တာတင်း(မ်)ဘားနက်က   ထောက်ခံခဲ့ပါ တယ်။     ဒေါက်တာတင်း(မ်)ဘားနက်ဟာ  ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု ပုံစံနှစ်ခုလုံးကို လေ့လာ ခဲ့ပါတယ်။ ဖန်လုံအိမ်အာနိသင်  ဓာတ်ငွေ့တွေကြောင့်  လေထုအတွင်း  အပူချိန်ပြောင်းလဲမှုပုံစံ ရော၊ သမုဒ္ဒရာအတွင်း  အပူချိန်ပြောင်းလဲမှုပုံစံပါ အမိုျးမိုျးလေ့လာပြီး သူ့ရဲ့ အယူအဆ မှန်၊ မမှန် စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးသူ့ရဲ့ တွေ့ရှိချက်ကတော့ လူတွေနေ့စဉ်နဲ့အမျှ တန် ချိန် အမြောက်အမြားထုတ်လွှတ်နေတဲ့ ဖန်လုံ အိမ်ဓာတ်ငွေ့တွေကြောင့် လေထုရော၊ ရေထုပါ အပူချိန်မြင့်တက်လာပြီး ကမ္ဘာကြီးကို ပိုမိုပူ နွေး လာစေကာ ရာသီဥတု ပြောင်းလဲစေခဲ့ကြောင်း၊ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုကို  ဖြစ်ပွားစေတဲ့ အဓိကတာဝန်ရှိသူတွေဟာ စက်မှုနိုင်ငံ တွေက စက်ရုံပိုင်ရှင်ကြီးတွေပဲ  ဖြစ်တယ်လို့ အခိုင်အမာ သက်သေထူခဲ့ကြောင်းပါခင်ဗျား။Ref; ''Oceans apart'' (Economist)