Main menu

Background

သြင်္ကန်ချစ်သူတွေအတွက် April Queen 2 VCD ထွက်မည်

Tue, 02/23/2010 - 09:50 -- Anonymous (not verified)

   သြင်္ကန်ချစ်သူတွေအတွက် သြင်္ကန်သီချင်းလေးတွေ စီစဉ်တဲ့ တေးရေး စိုးလင်းက Apirl Queen 2 ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ မနှစ်က သြင်္ကန်မှာထွက်ရှိခဲ့တဲ့ April Queenကတော့ပရိသတ်များကြားမှာ ရေပန်းစားခဲ့ပါ တယ်။ ဒီနှစ် ကိုလည်း မနှစ်ကထက် ထူးခြားအောင် စီစဉ်ထားတယ်လို့ တေးရေးစိုးလင်းကဆိုပါတယ်။   Apirl Queen 2   မှာ မေခလာ၊ ဇမ်နူး၊ ဝိုင်းစုခိုင်သိန်း၊ ဆူဇီ၊ Jenny ၊ ရတနာမိုင်၊ အိမ့်ချစ်၊ အေသင်ခိုျဆွေ၊ ဆုပန်ထွာ၊ ချစ်စနိုးဦး၊ မိုးယုစံ၊ ဂျူး၊ သံစဉ်လင်းတို့နဲ့အတူ စုံတွဲသီချင်းအဆိုရှင်တွေ အနေနဲ့ ဘရိတ်ကီ၊ ဟဲလေး၊Dယံ၊ အစ္စဏီတို့ ပါဝင် သီဆိုထားပါတယ်။အဆိုပါ VCD ကို ၂၇.၂.၂ဝ၁ဝနေ့မှာ ရတနာမြိုင်တေးသံသွင်းက ဖြန့်ချိမှာဖြစ်ပြီး ၂၇ ရက်နေ့ နေ့လယ် ၁၁း၃ဝ နာရီမှာ ရတနာမြိုင် တေးသံသွင်း၊ နေ့လယ် ၁း၃ဝနာရီမှာ စိန်ဂေဟာ(လှည်းတန်း)၊ ညနေ ၄ နာရီမှာ ((Happy World 1))၊ ညနေ ၆း၃ဝနာရီမှာ Victoriaကုန်တိုက်(လှိုင်သာယာ)တို့မှာ အဆိုတော်တွေက လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။