Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လိုအားပုံမှန်ရှိ

Thu, 03/12/2015 - 20:07 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲ(သစ်)တွေ ဈေး ကွက်ထဲ  စတင်ဝင်ရောက်နေသလိုExport အတွက်  အဓိက ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဝယ်လိုအားပြန်လိုက် လာတာကြောင့် တစ်ပိဿာကို ၁၃၆၀ ကျပ်(တစ်တန်ကို ၈၃၂၈၅၀ ကျပ်)ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေသထွက်ပဲလွန်းနီ(သစ်)ကို ရန်ကုန်ဝယ်လက်ကဝယ် လိုအား များလာတာကြောင့် ယခင်တစ်ပတ်နဲ့  နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၆၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။