Main menu

Background

ဟင်္သာတကုန်စည်ဒိုင်၏ မတ်ပဲနှင့် ပဲတီစိမ်း(အနီ)ဈေးနှုန်း

Wed, 12/21/2022 - 13:31 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ  ၁၃ ရက်မှစ၍ မတ်ပဲအသစ်များ  ဈေးကွက် ဝင်ရောက်လာပြီး မတ်ပဲအသစ် တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ၊ အဟောင်းတစ်တင်းလျှင် ကျပ် ၅၉၅၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခင်နှစ်ကာလတူ အချိန်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၂၀ဝ၀ ခန့်သာရှိခဲ့သည့်အတွက် ယခု နှစ်တွင် ကျပ် ၁၈၀ဝ၀ ခန့် ဈေးပိုရရှိပြီး တောင်သူများ   ဈေးကောင်းရလျက်ရှိသည်။      
ဟင်္သာတကုန်စည်ဒိုင်တွင်  နေ့စဉ် မတ်ပဲ(အဟောင်း) အိတ် ၁၂၀ဝ ခန့်၊  မတ်ပဲ(အသစ်)အိတ်၂၀ဝခန့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။
ဒီဇင်ဘာ ၁၄ ရက်တွင်  မတ်ပဲ (အဟောင်း)  တစ်တင်းလျှင်  ကျပ် ၅၉၅၀ဝ၊ မတ်ပဲ (အသစ်) တစ်တင်းလျှင် ကျပ်  ၆၀ဝ၀ဝ၊  ပဲတီစိမ်း (ဆီပြောင်) အသစ် တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀၊ ပဲလွမ်းဖြူ (အသစ်) တစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ၊ ပဲလွမ်းနီ(အသစ်)  တစ်တင်း လျှင် ကျပ် ၅၀ဝ၀ဝ၊ ပဲယင်း(အနီ) အသစ်တစ်တင်းလျှင် ကျပ်  ၅၅၀ဝ၀၊ ပဲပုပ် (ဆီတိုး) အသစ် တစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ၊ ပဲတီစိမ်း(အနီ)အသစ် တစ်တင်း လျှင် ကျပ် ၈၈၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်ကာလတူ ဈေးနှုန်းများထက်  ကျပ် ၅၀ဝ၀ မှ ၂၀ဝ၀ဝ ကျပ်ခန့်ထိ   ဈေးပိုရလျက်ရှိ သည်။ပဲတီစိမ်း(အနီ)မှာ ဈေးအကောင်း ဆုံးဖြစ်ကာ    ယခင်နှစ်ကာလတူထက် ကျပ် ၂၀ဝ၀ဝခန့် ဈေးပိုရလျက်ရှိသည်။
မောင်မောင်မြတ်ခိုင်
(ဟင်္သာတ)