Main menu

Background

ဟာသကားတွေ ဈေးကွက်ရှိနေဦးမယ်ဆိုတဲ့ခန့်စည်သူ

Wed, 02/17/2010 - 14:23 -- Anonymous (not verified)

   ဟာသဇာတ်လမ်း ရုပ်ရှင် တွေ၊ ဗီဒီယိုတွေဈေးကွက်ထဲမှာ အများအပြားရှိလာပါတယ်။ ထုတ်လုပ်သူတွေ ကလည်း ပရိသတ် အကြိုက်ဇာတ်ကားတွေထုတ်လုပ်နေတာလို့ဆိုပါတယ်။ ဟာသကားတွေ ဈေးကွက်ထဲမှာ များပြားလာတာနဲ့ ပတ်သက်ပြီး သရုပ် ဆောင် ခန့်စည်သူက သူ့ရဲ့အမြင်ကို ဒီလိုပြောခဲ့ပါတယ်။   ''ဟာသကားတွေက ရှိနေမှာပဲ၊ ဘာလို့လဲဆိုတော့ လူတွေက နေ့စဉ် လူနေမှုဘဝမှာ  မွန်းကျပ်မှုတွေနဲ့ဆိုတော့ ခဏလေးပဲဖြစ်ဖြစ် ထွက်ပေါက်ရချင်တယ်၊   ဟာသကားလေးတွေကြည့်တဲ့ နှစ်နာရီလောက် အချိန်လေးမှာ သောကတွေ ပြေပျောက်မယ်၊ ဒါကြောင့် ကြည့်ကြတာပေါ့၊ တချို့က ပြောတယ်၊ဟာသကားတွေက တဖြည်းဖြည်းနဲ့ သံသရာတစ်ပတ်လည်ပြီး ကျဆုံးမယ်တဲ့၊ ကိုယ့်အမြင်မှာ တော့ ဟာသ ကားတွေ အရမ်းများလာရင်တော့ ဟုန်ရင်  ဟုန်သွားမယ်   ကျဆုံးမှာတော့ မဟုတ်ဘူး။   ပရိသတ်ကြီးပေးတဲ့ ပိုက်ဆံနဲ့တန်အောင် ငွေရေးကြေးရေးကြောင့်တော့ မဟုတ်ပေမဲ့ ကိုယ့်ဘက်ကလည်း ပရိသတ်ကြီးအတွက် တစ်ခုခုပြန်ပေးနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမယ်'' လို့ ခန့်စည်သူကပြောကြားခဲ့ပါတယ်။