Main menu

Background

ဟွန်ဒါနဲ့ တိုယိုတာပြဿနာကြောင့် စင်ကာပူကို ထိခိုက်မှုနည်း

Fri, 02/19/2010 - 09:36 -- Anonymous (not verified)

    ဂျပန်နိုင်ငံဖြစ် ဟွန်ဒါနဲ့ တိုယိုတာကားများကို ကမ္ဘာအနံှ့ ပြန်လည်သိမ်းယူနေ တဲ့ပြဿနာ ကြောင့် စင်ကာပူကို အနည်းငယ်ထိခိုက်မှုရှိခဲ့ပါတယ်။ လေအိတ်ချို့ယွင်းမှုကြောင့်  ယာဉ်မောင်း များကို  ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းဖြစ်စေတဲ့အတွက် အထူးသဖြင့် မြောက်အမေရိက ရှိ ကားစင်းရေ ၄၃ဝဝဝဝ ကျော်ကို ပြန်လည်သိမ်းယူခဲ့ရပါတယ်။ စင်ကာပူမှာ ဟွန်ဒါအက်ကော့ ကားစီးရေ ၃၉ စီးသာ ချို့ယွင်းမှုရှိခဲ့ပါတယ်။ ဒီကားတွေက ၂ဝဝ၁ နဲ့ ၂ဝဝ၂ နှစ်အတွင်း ဂျပန်မှာ ထုတ်လုပ်ခဲ့တဲ့ ကားတွေဖြစ်တယ်လို့ မော်တော်ကားဖြန့်ဖြူးရောင်းချရေးကုမ္ပဏီ''ခါမော်တော်'' ကပြောပါတယ်။ ယခုအချိန်အထိ တိုယိုတာ-ပရိုင်းယပ်ကား ၁၉၄ စီး ချွတ်ယွင်းမှုရှိခဲ့တယ် လို့ ဆိုပါတယ်။ CNA