Main menu

Background

အင်ဒိုနီးရှားက စားသုံးသူ ကာကွယ်ရေးတိုးမြှင့် ဆောင်ရွက်ဖို့ဌာန တစ်ခုအသစ်ဖွဲ့စည်း

Fri, 02/26/2010 - 16:54 -- Anonymous (not verified)

    စားသုံးသူတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ စားသုံးသူတွေက အဆင့်အတန်းမီ ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနိုင်စေဖို့ အတွက် အင်ဒိုနီးရှား စက်မှုဝန်ကြီးဌာနက ဦးစီးဌာနအသစ်ကို ထူထောင်ဖွဲ့စည်းဖို့ စီမံဆောင်ရွက်နေပါတယ်။    စားသုံးသူ အကာအကွယ်ပေးရေးနဲ့ စံနှုန်းသတ်မှတ်ရေး ဦးစီးဌာနကို လောလောဆယ်မှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ အခြေခံကုန်စည်များရဲ့ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်နေတဲ့  ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနမှ ခွဲထွက်ပြီး သီးခြားဖွဲ့စည်း သွားမှာ ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး မာရီအယ်လကာပင်ဂက်ဆုက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြောပါတယ်။    ယခုအခါမှာ ဘဏ္ဍာရေး အခက်အခဲကြောင့် အီလထရွန်းနစ် ကုန်ပစ္စည်းများ၊ အဝတ်အထည်၊ ကလေး ကစားစရာ၊ ဖိနပ်၊ အစားအစာနှင့်အဖျော်ယမကာတို့အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုးကို ရွေးချယ်ဆောင်ရွက်နေလျက် ရှိနေပါတယ်။    ၁၉၉၉ ခုနှစ် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို ဖောက်ဖျက်ပါက ချမှတ်တဲ့ပြစ်ဒဏ်က အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ အမြင့်ဆုံး ငွေဒဏ် ရူပြား ၂ ဘီလီယံ (ဒေါ်လာ ၂၁၄၀၀၀) ဖြစ်ပါတယ်။                                                                                                Source: thejakartapost.com