Main menu

Background

အင်္ဂလန်တွင် ဟိုတယ်ဆိုင်ရာ သင်တန်းတက်ရောက်သူများအနက် မြန်မာနိုင်ငံသည် ဒုတိယနေရာရှိ

Fri, 02/05/2010 - 12:19 -- Anonymous (not verified)

    အင်္ဂလန်နိုင်ငံတွင် ဟိုတယ်ဆိုင်ရာ သင်တန်းတက်ရောက်ကြသူများစာရင်း၌ မြန်မာနိုင်ငံသည် ဒုတိယ နေရာတွေရှိနေကြောင်း Star Resources ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းကျောင်းမှ သိရသည်။    အင်္ဂလန်နိုင်ငံသည် ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု အများဆုံးနိုင်ငံဖြစ်ပြီး ခရီးသွားဧည့်သည်ဝင် ရောက်မှုအများ ဆုံးနိုင်ငံလည်းဖြစ်ကြောင်း၊ ယင်းနိုင်ငံရှိ ဟိုတယ်သင်တန်းကျောင်းများတွင် တက်ရောက် သူများအား လုပ်ငန်းနှင့် သင်ကြားမှုတွဲဖက် လုပ်ကိုင်နိုင်သဖြင့် တက်ရောက်သူများပြားကြောင်း၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှ ဟိုတယ်ဆိုင်ရာသင်တန်းသားများ လာရောက်သင်ကြားနေ ကြကြောင်း Star Resources မှ တာ ဝန်ရှိသူတစ်ဦး က ပြောသည်။    အင်္ဂလန်နိုင်ငံတွင် ဟိုတယ်ဆိုင်ရာ သင်တန်းများ တက်ရောက်မည်ဆိုပါက အဓိကအချက်မှာ အင်္ဂလိပ် ဘာသာရပ် ကောင်းမွန်ရန်အထူးလိုအပ်ကြောင်း၊ စာတွေ့ လက်တွေ့သင်ခန်းစာများတွင် အင်္ဂလိပ်စာ ကောင်းမွန်မှသာ နားလည်တတ်ကျွမ်းနိုင်မည်ဖြစ်ကြောင်း ယင်းနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ဖူးသူ တစ်ဦးက ဆိုသည်။