Main menu

Background

ITC ကတ်နဲ့ ရိဒ်နယ်စပ်မှ ဇန်နဝါရီလတွင် ပို့ကုန်သွင်းကုန် ကျပ်သန်းပေါင်း ၉၀ ကျော် ကုန်သွယ်နိုင်

Thu, 02/19/2015 - 19:21 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

     ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်ITC ကတ်ထုတ်ပေးနိုင်မှု ၃ ဦးရှိပြီး ပို့ကုန် ကျပ်သန်းပေါင်း  ၆၀ ကျော်ကုန်သွယ်မှုပြုနိုင်ခဲ့ပါတယ်။ သွင်းကုန်အနေဖြင့် ကျပ်  ၃၄ သန်းကျော်တင် သွင်း နိုင်တာတွေ့ရပါတယ်။ ITC ကတ်နဲ့ ပို့ကုန်တင်ပို့ခဲ့တဲ့ပစ္စည်းကတော့ မုန့်မျိုးစုံဖြစ်ပြီး သွင်းကုန်ပစ္စည်းတွေကတော့  လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်တဲ့ နိုင်လွန်ချည်နဲ့ ချည်ဆိုးဆေးတို့အပြင် အားဖြည့်အချိုရည်ပါ တင်သွင်းနိုင်တာ တွေ့ရပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးမှITC ကတ်နဲ့ ကုန်သွယ်ခွင့်ကို  ၂၀၁၃ ခုနှစ်  ဧပြီလမှ စတင်ခွင့်ပြုပေးခဲ့ပြီး စတင်ခွင့်ပြုချိန်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထိ ကျပ်သန်းပေါင်း ပို့ကုန် ၁၄ ဒသမ ၉၉၉ နဲ့ သွင်းကုန် ၁၇၇ ဒသမ ၁၈၆ ကုန်သွယ်ပြီးဖြစ်တာ တွေ့ရပါတယ်။ နယ်စပ်စခန်း ၁၂ ခုမITCကတ်နဲ့ စတင်ခွင့်ပြုချိန်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထိ  ကုန်သွယ်မှုပမာဏ ကျပ်သန်းပေါင်း ၇၃၀၀ ကျော် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။                                                                                                                                 

    ခင်မိုးသူ MIRT(DCCA)