Main menu

Background

လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (စိန်ဂျွန်း)တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပ

Thu, 02/19/2015 - 19:21 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေး ဥပဒ်အန္တရာယ်ကင်းသော အစားအစာ များ ရွေးချယ်ဝယ်ယူ စားသုံးတတ်စေရန် နိုင်ငံတော်မှ ချမှတ်ထားသည့် စားသုံး သူအကာအကွယ်ပေးရေး  ဥပဒေနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ကူးသန်းရောင်းဝယ် ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန် ရှိသူနှင့်  ဝန်ထမ်းများသည်   အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(ရန်ကုန်ရုံးခွဲ)၊ ရန်ကုန်တိုင်း ကျန်း မာရေးဦးစီးဌာန၊ မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး  အသင်းတို့နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင်  ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ် အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း(စိန်ဂျွန်း) ၊ စွမ်းအားခန်းမ တွင်  စားသုံးသူအကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာများ ဟော ပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။
ဟောပြော     ဆွေးနွေးပွဲတွင် လမ်းမတော်မြို့နယ်အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊   ကျောင်း အုပ်ဆရာကြီး  ဦးကိုကိုနိုင်က ခေတ် နဲ့အညီ   နည်းပညာများ တိုးတက်လာ သ ဖြင့် စားသုံးရန် ပစ္စည်းအသစ်အဆန်း များ ၊ လှပစွာ ထုပ်ပိုး၍ကြာရှည်ခံအောင် ပြုလုပ်ထားသော စားသောက်ကုန်များ ကြောင့် အတွေ့အကြုံနုနယ်ပြီး အရာရာ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသေးသော ကျောင်းသား^ကျောင်းသူများမှ ဘေး ဥပဒ်အန္တရာယ်မရှိသည့် စားသောက် ကုန်ပစ္စည်းများအား ရွေးချယ်စားသုံး တတ်စေရန် လာရောက်ဟောပြောဆွေး နွေး အသိပညာပေးခြင်းကို သေချာစွာ မှတ်သားလိုက်နာကြရန် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းသိန်းက စားသုံးသူများကို  အကာအကွယ် ပေးရန် စားသုံးသူအကာအကွယ်ပေး ရေး ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးမှုအခြေ အနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများ၏ အမှန်တကယ်နစ်နာ မှု၊ မကျေနပ်မှုများကို တိုင်ကြားနိုင်ရန် စားသုံးသူတိုင်ကြားမှု    လက်ခံဆောင် ရွက်ရေးလုပ်ငန်းကော်မတီနှင့်    ဈေး ကွက်များ၌    လုံခြုံစိတ်ချရမှုမရှိသော ကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး အတွက် ထုတ်ကုန်များ  လုံခြုံစိတ်ချရမှု ဆိုင်ရာ    လုပ်ငန်းကော်မတီတို့ကို ဖွဲ့ စည်းပြီးမှုအခြေအနေ၊ ပြည်ပမှ တင် သွင်းသော    ကုန်ပစ္စည်းများတွင် တရားဝင်မှတ်ပုံတင်ထားသော၊ စံချိန် စံညွှန်း ပြည့်မီသည့် စားသောက်ကုန် များကို ဝယ်ယူစားသုံးရန်၊ စားသောက် ကုန်၊ ဆေးဝါးများတွင်ပါရှိသည့် ညွှန် ကြားချက်များကို သေချာစွာဖတ်ရှု၍ လိုက်နာရန်၊ ထုတ်လုပ်^ကုန်ဆုံးရက်စွဲ မပါရှိသော အစားအသောက်များ၊ အသင့်စား စားသောက်ကုန်များ၊ ဖတ်ရှု ၍နားမလည်သော စာသားများဖြင့်ရေး သားထားသော အစားအသောက်များ စားသုံးခြင်းမှ   ရှောင်ကြဉ်ကြရန်နှင့် ဥပဒေတွင်ပါရှိသည့်     စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များကို အသေး စိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါ သည်။
ဆက်လက်၍ လမ်းမတော်မြို့နယ် ကျန်းမာရေးဆရာဝန်ဒေါက်တာဒေါ်သန်းသန်းချစ်က   လုံခြုံစိတ်ချရမှု မရှိ သည့် အစားအစာများအန္တရာယ်နှင့် အဟာရပြည့်ဝသော အစားအစာများရွေးချယ်စားသုံးခြင်းဖြင့် မိမိကျန်းမာ ရေးကို ကိုယ်တိုင်စောင့်ရှောက်နိုင်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ ဦးစီးအရာ ရှိ ဒေါက်တာဆုသဉ္ဇာအောင်က ကျန်း မာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက် ရန်အတွက် လိုက်နာဆောင်ရွက် ရမည့် အချက်ငါးချက်နှင့် သန့်ရှင်းလတ်ဆတ် သော အစားအသောက်များကို ရွေးချယ် စားသုံးရမည်ဖြစ်ကြောင်းနှင့် မြန်မာ
နိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်စန္ဒာက လည်း ကျန်းမာသက်ရှည်သော လူသား များဖြစ်ရန်  အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးရာတွင် ဆောင် ရန်^ရှောင်ရန်များအကြောင်း အသေး စိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး   ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်   ဝန်ထမ်းများ၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(ရန်ကုန်ရုံးခွဲ) မှ ဦးစီးအရာရှိ၊ မြို့ နယ်ကျန်းမာရေးဆရာဝန်၊ မြန်မာနိုင်ငံ စားသုံးသူ      ကြိုတင်ကာကွယ်ရေး အသင်း အတွင်းရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ ရေးလက်ထောက်အမှုဆောင်အရာရှိ၊ အထက(၁) မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာကျောင်း ပေါင်း ၉ ကျောင်းမှ ကျောင်းအုပ် ဆရာ ကြီး/ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ၊    စုစုပေါင်း ၃၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ချောဥမ္မာနိုင်(စားသုံးသူ)ရန်ကုန်