Main menu

Background

စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပ

Thu, 02/19/2015 - 19:23 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

          ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းနှင့် ဝန်ထမ်းများသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ စည်ပင်သာယာဈေး ကော်မတီရုံးခန်း၌ စားသုံးသူအကာအကွယ်ပေးရေး ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ဈေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ/ဈေးသားများ၊ စည်ပင် သာယာဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူရေးရာဌာန အနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး ပညာပေးလုပ်ငန်းများကို ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကိုလည်း ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေတွင် အခန်းပေါင်း ၁၂ခန်းဖြင့် ပုဒ်မ ၃၁ ခုပါရှိကြောင်းနှင့် ဈေးသူဈေးသားများ သိရှိနားလည်နိုင်ရန် ဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ နှင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မ ၁၆အရ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ စနစ် တကျဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူများ၏ အငြင်းပွားမှုဆိုင်ရာကိစ္စများ ဖြေရှင်းနိုင်ရေးအတွက် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေ ရှင်းရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ခရိုင်၊ မြို့နယ် အဆင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ၎င်းင်းစားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အောက်တွင် စားသုံးသူတိုင်ကြား မှု လက်ခံဆောင်ရွက်ရေးကော်မတီနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီဟူသော ကော်မတီနှစ်ရပ် ရှိပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဦးစီးမှူးက  စားသောက်ကုန်များနှင့်ပတ်သက်၍ ဥပမာပေးဆွေးနွေးရာတွင် ငှက်ပျောသီးဝယ်ယူမည်ဆိုပါက ဝယ်ယူသူက အမှည့်လိုချင်လျှင် ဆိုင်ရှင်က လိုချင်သည့်ရက်မှည့်အောင် ဆေးဖြင့်ပြုလုပ် ပေးခြင်းများရှိပါကြောင်း၊ ၎င်းင်းဆေးသည် စားသုံးသူများကို အန္တရာယ်ဖြစ်စေ နိုင်သည့်အတွက် အသုံးမပြုသင့်ကြောင်း၊ ငါးပိငါးခြောက်ဆိုင်ပိုင်ရှင် တစ်ဦး ၏ ပြောကြားချက်အရ ငါးပိကို စားသုံးသူများအကြိုက် အရောင်လှစေရန် အရောင်ဆိုးဆေးများ အသုံးပြုပြီး ရောင်းချရာ အကျိုးအမြတ်များစွာ ရရှိ သော်လည်း မိမိမှ စားသုံးသူနစ်နာမှုများကို သိရှိလာပြီး အရောင်ဆိုးဆေးများ အသုံးမပြုဘဲ ရောင်းချရာ မိမိဆိုင်မှာ အရောင်းအဝယ်မဖြစ်ဘဲ ဆိုးဆေးများ အသုံးပြုပြီး ရောင်းချသော အခြားဆိုင်များက အရောင်းအဝယ်ဖြစ်ကြောင်း၊ အရောင်ဆိုးဆေးအသုံးပြုပြီး ရောင်းချခြင်းသည် စားသုံးသူ၏ လိုအပ်ချက် အရဖြစ်ပြီး မိမိအတွက် အကျိုးအမြတ်ရရှိသော်လည်း စားသုံးသူနစ်နာမှုရှိ သည့်အတွက် မပြုလုပ်သင့်ကြောင်း၊ ဈေးသူဈေးသားတစ်ဦးခြင်း လိုက်နာမှ သာ တစ်ဈေးလုံးအန္တရာယ်ကင်းသော စားသောက်ကုန်များ ဖြစ်လာမှာဖြစ် ကြောင်း၊ သံသယရှိသော စားသောက်ကုန်များတွေ့ရှိပါက နမူနာပေးပို့ပြီး ၤီဗ တွင် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူအငြင်းပွားမှု ပြဿနာ ဖြစ်ပေါ်လာပါကလည်း စားသုံးသူတိုင်ကြားမှု ပုံစံများဖြင့် စနစ်တကျ တိုင်ရ မည်ဖြစ်ကြောင်း၊ စားသုံးသူတိုင်ကြားမှုပုံစံကိုလည်း ိခချေေါငေညါ ်ခေနဘသသု တွင် တင်ထားပါကြောင်း၊ ဆက်လက်၍လည်း လူစည်ကားရာ ရုံးများ၊ ကျောင်းများ၊ ဈေးများတွင်လည်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသွားပါသည်။                                  

နှင်းနှင်းခိုင် (မုံရွာ)