Main menu

Background

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

Thu, 02/19/2015 - 19:25 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

                ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့်စားသုံးကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရေးကို ရည်ရွယ်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ သည်  ရန်ကုန်တောင်ပိုင်းခရိုင်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဌာနစုမှူး၊ ပုဇွန်တောင် မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်၊ မြို့နယ်စည်ပင် လက်ထောက်အုပ်ချုပ်ရေးမှူး၊ ပုဇွန်တောင်ဈေး တာဝန်ခံနှင့်ဝန်ထမ်းများ၊ ဈေးသာယာရေးအဖွဲ့ ဝင်များ၊ ဈေးမိ၊ ဈေးဖများနှင့် ပူးပေါင်း၍ ဖေဖော် ဝါရီလ ၅ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် (ပုဇွန် တောင်ဈေး)ရှိ ဈေးရောင်းချသည့်သူ ဈေးသည် များအား ဈေးကော်မတီရုံးတွင် တွေ့ဆုံ၍ စားသုံး သူ အကာအကွယ်ပေးရေးအကြောင်း သိကောင်း စရာများကို ဟောပြောဆွေးနွေးခြင်းနှင့်   ဈေးဆိုင် များ ၌ ရောင်းချလျက်ရှိသည့် စားသောက်ကုန် ပစ္စည်း၊ ဆေးမျိုးစုံ၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများ ကို ကြည့်ရှုစစ်ဆေးခြင်းနှင့် စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
        အဖွဲ့သည် ဈေးကော်မတီရုံး၌ ဈေးရုံကိုယ် စားလှယ်များ၊ ဈေးမိဈေးဖများ၊ စားသောက်ကုန်၊  ဆေးမျိုးစုံ၊ လူသုံးကုန်၊ အလှကုန်၊ သစ်သီးဝလံဟင်း သီးဟင်းရွက်ရောင်းချသူများအား စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကို နိုင်ငံတော်မှ ပြဋ္ဌာန်းခဲ့ ပြီးဖြစ်ကြောင်း၊ စားသုံးသူနှင့် ရောင်းချ သူအကြား နစ်နာမှု၊ မကျေနပ်မှုများကို ဖြေရှင်းပေး မည့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ထို့အပြင် စားသုံးသူများအတွက် ပိုမိုထိရောက်သော ဆောင် ရွက်မှုကို လုပ်ဆောင်ပေးမည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ ပြည်ပမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှုရှိစေရန် စစ်ဆေးဆောင်ရွက်ပေး မည့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ဈေး ရောင်းချသည့် ဈေးသူ^ဈေးသားများ အနေဖြင့် ဥပဒေတွင်ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့်အညီ မိမိတို့ရောင်းချ သည့် ကုန်ပစ္စည်းများသည် စားသုံးသူများအတွက် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းပြီးး သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ မိမိတို့ ကိုယ်တိုင် ကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုရာ တွင်လည်း စားသုံးသူအနေဖြင့် စားသုံးသူ၏ အခွင့် အရေးနှင့် တာဝန်များကိုလည်း သိရှိထားရန် လိုအပ်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ပြော ကြားခဲ့ပြီးသိလိုသည်များကို ဆွေးနွေးနိုင်ပါ ကြောင်း ဖိတ်ကြားခဲ့ရာ တက်ရောက်လာသူတစ်ဦး မှ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အစားအစာ၊ ဆေးဝါးများ ဘေးဥပဒ်အန္တရာယ် ဖြစ်ပေါ်ခဲ့ပါက ကျန်းမာရေး ဝန်ကြီးဌာနမှ ပြဋ္ဌာန်း ထားသည့် အစားအသောက်နှင့် ဆေးဝါးဥပဒေ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ပြဋ္ဌန်းထားသည့် စားသုံးသူအကာအကွယ် ပေးရေး ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နိုင် မည့်အခြေအနေများကို သိရှိလိုကြောင်း မေးမြန်း ခဲ့ပါသည်။
ဆက်လက်၍ အဖွဲ့သည် ဈေးအတွင်း ရောင်းချ လျက်ရှိသည့် စားသောက်ကုန်၊ ဆေးမျိုးစုံ၊ လူသုံး ကုန်၊ အလှကုန်၊ ငါးပိ၊ ငါးခြောက်၊ ငါးပိစိမ်းစား၊ စားသုံးဆီ၊ ငရုတ်သီးမှုန့်မျိုးစုံ ရောင်းချလျက်ရှိ သည့် ဆိုင်များသို့ လှည့်လည်ကြည့်ရှုပြီး စားသုံးသူ များအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်ပစ္စည်း များရောင်းချရန်၊ ဘေးဥပဒ် အန္တရာယ်ဖြစ်သည့် ပစ္စည်းများကိုမရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ၤီဗ ) ထောက်ခံ ချက်ပါသည်များကိုသာရောင်းချရန်၊ ကုန်ပစ္စည်း များတွင် ဆက်သွယ်ရန်လိပ်စာ၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း များပါရှိသည်များကို ရွေးချယ်၍ရောင်းချရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ စားသုံးရန်နှင့် သုံးစွဲရန် မသင့်ဟု ထုတ်ပြန်ကြေညာထားသည့် အစား အစာ၊ ဆေးဝါး၊ အလှကုန် ပစ္စည်းများ ရောင်းချခြင်း မပြုရန်၊ သက်တမ်းကုန်ဆုံးနေသည့်ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် သက်တမ်း ကုန်ဆုံးနေ သည့် ကုန်ပစ္စည်းများအား ထုတ်လုပ်ဖြန့်ဖြူးသည့် ပင်ရင်းဆိုင်သို့ဆက်သွယ်၍ ပြန်လည်လဲလှယ် စေခြင်းများပြုလုပ်ရန်တို့ကို စည်းရုံးပညာပေး ဆွေးနွေးမှုများပြောကြားခဲ့ပြီး စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေး လက်ကမ်း စာစောင် များ ကို ဖြန့်ဝေပေးမှုများဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကွင်း ဆင်းဆောင်ရွက်ခဲ့သည့် ပုဇွန်တောင်မြို့နယ်၊ ပုဇွန် တောင် ဈေးသည် က အဆင့်ဈေးဖြစ်ပြီး ဈေးရုံ ပေါင်း ၃၁ ရုံ၊ ဆိုင်ခန်းပေါင်း ၁၉၃၂ ခန်း၊ ဆိုင်ခန်း အလွတ်ရောင်းချသည့်ဈေးသည် ၃၅၂ ဦးတို့ဖြင့် နေ့စဉ် နံနက် ၀၆း၀၀ နာရီမှညနေ ၀၆း၀၀ နာရီ အထိ ဈေးရောင်းချလျက်ရှိကြောင်း သတင်းရရှိပါ သည်။
ခင်သီ( စားသုံးသူ )ရန်ကုန်