Main menu

Background

မြို့တော်ဂျကာတာတွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှုများဖြစ်ပေါ်

Fri, 02/20/2015 - 16:04 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

            အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ မြို့တော်နေပြည်သူများမှာ နေအိမ် များကို စွန့်ခွာခဲ့ရကြောင်းဖြင့် ဂျကာတာပို့စ်သတင်း တွင် ဖော်ပြထားသည်။
မြို့တော်၏ အဓိကလမ်းမကြီးများတွင် ရေ လွှမ်းမိုးမှုများသည် နေအိမ်များ၊ ဆိုင်များအတွင်း သို့ပါ ရေဝင်ရောက်မှု များဖြစ်ပေါ်ခဲ့ရသဖြင့် စတိုး ဆိုင်၊ စားသောက်ဆိုင်စသည့်ဆိုင်များကို ပိတ်ထား ခဲ့ရကြောင်း၊ ယင်းကဲ့သို့ ပိတ်ထားခဲ့ရသဖြင့် နေ့စဉ် ရောင်းရငွေပေါင်း ရူပြား ၁ဒသမ ၅ထရီလီယံ(အမေ ရိကန်ဒေါ်လာ ၁၁၆  ဒသမ ၈) ဆုံးရှုံးနေရကြောင်း ဖြင့် ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်မှုစင်တာအနီးတစ်ဝိုက်တွင်လည်း  ရေ လွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးလျက်ရှိကြောင်း  ဖြင့် ဂျကာတာကုန်သွယ်ရေးနှင့်စက်မှု လုပ်ငန်းရှင် များအသင်းချုပ်မှ   တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆာမန်ဆီမန်ဂျိုရန်က ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စီလီဝမ်မြစ် ရေမျက်နှာပြင်မြင့်တက်လာခဲ့ရာ မြစ်ရေ၏ စိုးရိမ် ရေမှတ်ကို ကျော်လွန်ရောက်ရှိခဲ့ကြောင်း၊ ယင်းကဲ့ သို့ရောက်ရှိခဲ့မှုကြောင့် သမ္မတအိမ်တော်နှင့် အမျိုး သားအထိမ်းအမှတ်ပြတိုက်တို့ကိုပါ  ရေလွှမ်းမိုးမှု များ ဖြစ်ပေါ်ခဲ့ရကြောင်းဖြင့် အဆိုပါသတင်းတွင် ဖော် ပြထားသည်။
ရေလွှမ်းမိုးမှုကြောင့် မြို့တော် ဂျကာတာတွင် နေထိုင်သည့် လူပေါင်း ၁၄၀၀၀ ကို ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ နေရာချထားပေးခဲ့ကြောင်း၊   ရေလွှမ်းမိုးမှုများသည်  ယခင်နှစ်များက ဖြစ်ပွားနေ သော်လည်း ယခုနှစ်ရေလွှမ်းမိုးမှုသည် အဆိုးရွားဆုံး  ဖြစ်ကြောင်း၊ ဂျကာတာမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်း များမှာ ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေကြရကြောင်း ဖြင့် ဆီမန်ဂျိုရန်က ထပ်မံပြောကြားခဲ့သည်။