Main menu

Background

နယူးဇီလန်တောင်ပိုင်းတွင်မိုးခေါင်မှုုများဖြစ်ပေါ်

Fri, 02/20/2015 - 16:05 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

          နယူးဇီလန်နိုင်ငံ  တောင်ပိုင်း ကျွန်းစုဒေသများရှိ  အရှေ့ဘက်ကမ်း ခြေဒေသများတွင် မိုးခေါင်ခြောက်သွေ့ မှုများဖြစ်ပေါ်လျက်ရှိကြောင်း  သိရ သည်။ယင်းကဲ့သို့ မိုးခေါင်မှုများကြောင့် နို့နှင့်  နို့ထွက်ပစ္စည်းများ ထုတ်လုပ် သည့်လုပ်ငန်းများနှင့် သားသတ်လုပ် ငန်းများမြင့်တက်လာနိုင်သဖြင့် လယ် သမားများအား အခွန်သက်သာခွင့်နှင့် ငွေကြေးအကူအညီများပေးရန် တာဝန် ရှိသူများက စီစဉ်လျက်ရှိကြောင်း ရိုက်တာသတင်းဌာန က  ရေးသားဖော်ပြခဲ့ သည်။အဓိက မိုးခေါင်သည့်ဒေသများ မှာ  နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ် သည့် ဒေသများဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်ဒေသများတွင်လည်း  မိုး ခေါင် ရေရှားမှုမှာ လျင်မြန်စွာဖြစ်ပေါ် လျက်ရှိကြောင်းဖြင့်  အဆိုပါသတင်း တွင် ဖော်ပြထားသည်။နယူးဇီလန်နိုင်ငံ အခြေခံစက်မှု လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနာသန်ဂေး က မိုးခေါင်မှုသည်တစ်နေ့တခြား ပိုမို ဆိုးရွားလာနိုင်ကြောင်း၊ လယ်သမား အများစုသည် ရိတ်သိမ်းထားပြီးသော သီးနှံများကို  စားသုံးရန်အတွက်သာ သို လှောင်ထားကြပြီး အပိုအလျှံမရှိကြ ကြောင်းဖြင့် ပြောကြားခဲ့သည်။
           ထို့ပြင် နို့နှင့် နို့ထွက်ပစ္စည်းလုပ် ငန်းများကို  လုပ်ကိုင်ကြသည့် လယ် သမားများသည် ၂၀၁၃ ခုနှစ်ကထက် မိုးခေါင်မှုဒဏ်ကို  ပိုမိုဆိုးရွားစွာခံစား နေကြရကြောင်းဖြင့် စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက  ပြောကြားခဲ့ သည်။မိုးခေါင်မှုကြောင့်  နို့ခဲတစ်ကီလို ဂရမ်လျှင် နယူးဇီလန်ဒေါ်လာ ၄ ဒသမ ၇၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ၄၅) သာရှိခဲ့ရာ ၂၀၀၈  ခုနှစ် နောက်ပိုင်း  အနိမ့်ဆုံးဈေးနှုန်းဖြစ်ခဲ့ ကြောင်း သိရသည်။ ယင်းကဲ့သို့ ဈေး နှုန်းများ  ကျဆင်းမှုကြောင့် နို့ထွက် ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူများသည် ၎င်းင်းတို့မွေးမြူထားသည့် နွား၊ သိုးများ အား သားသတ်ရုံများသို့ ပို့လျက်ရှိသည် ဟု ဂေးက ပြောကြားခဲ့သည်။
မိုးခေါင်  ခြောက်သွေ့မှုသည်Hemisphere တောင်ပိုင်းသို့ပါ လျင် မြန်စွာ  ပျံ့နှံ့လျက်ရှိကြောင်း ဆင်ဟွာ သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့ သည်။