Main menu

Background

တရုတ်နိုင်ငံခရီးစဉ်မှအပြန်တွင် ကနေဒါနိုင်ငံသားတစ်ဦး ငှက်တုပ်ကွေးရောဂါကူးစက်ခြင်းခံခဲ့ရ

Thu, 02/26/2015 - 19:37 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်အဖြစ် သွား ရောက်ပြီးနောက် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး
ငှက်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ကြောင်း ကနေဒါနိုင်ငံကျန်းမာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ ရောဂါကူးစက်မှုသည် အမေရိကတိုက် မြောက်ပိုင်းဒေသများသို့ ပထမဦးဆုံးအကြိမ်ငှက်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားမှုပင်ဖြစ်ကြောင်း အဆိုပါသတင်း   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသက် ၅၀ ကျော်အရွယ်ရှိအမျိုး သမီးတစ်ဦးသည် တရုတ်နိုင်ငံမှ ပြန် လာခဲ့ပြီးနောက် နှစ်ရက်ခန့်အကြာတွင်  နေမကောင်းဖြစ်ခဲ့ကြောင်း၊ ၎င်းအမျိုးသမီးသည် ကနေဒါ နိုင်ငံ၏ အနောက်ဘက်ဆုံးပြည်နယ်ဖြစ်သည့် ဗြိတိသျှကိုလံ ဘီယာပြည်နယ်တွင် နေထိုင်ကြောင်း၊ ၎င်းင်းအား ဆရာဝန်များ မှ ဂရုစိုက်ကုသပေးခဲ့သော်လည်း အဖျားပျောက်ခြင်းမရှိ သဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ၎င်းင်းထံ၌ H7N9 ဗိုင်းရပ်စ် ပိုးကို တွေ့ရှိခဲ့ရကြောင်းဖြင့် ကနေဒါနိုင်ငံ ကျန်းမာရေး ဝန်ကြီး ရိုနာအမ်းဘရို့စ်က ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါအမျိုးသမီးအား ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက  နေအိမ်တွင်ပင် စောင့်ရှောက်မှုများ ပေး လျက်ရှိကြောင်း၊ ၎င်းင်း၏ကျန်းမာရေးနှင့် ပတ်သက်၍ အချိန်မီသတင်းထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
တရုတ်နိုင်ငံတွင် အဆိုပါငှက်တုပ် ကွေးရောဂါကြောင့် ၂၀၁၃ခုနှစ်အတွင်း ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၇၀ရှိခဲ့ ရာတွင် ၂၈၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်းတွင်လည်း အဆိုပါငှက်တုပ်ကွေးရောဂါမှာ ဆက်လက်ဖြစ်ပွားနေသေးကြောင်းဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။