Main menu

Background

ထိုင်းနိုင်ငံထုတ် ပြောင်းမျိုးစေ့အိတ်များကို တာချီလိတ်Mobile Team မှ သိမ်းဆည်းရမိ

Thu, 02/26/2015 - 19:44 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းထုတ်နုတ်အင်အားMobile Team မှ ဒုတိယညွှန်ကြားရေးမှူး ခေါင်းဆောင်တဲ့အဖွဲ့ဟာ  ဖေဖော်ဝါရီလ ၉ ရက် ည ၁၁ နာရီတွင် မယ်ယန်းယာဉ် စစ်ကွင်းနှင့် တိုးဂိတ်ကြားတွင် မသင်္ကာဖွယ်ရာ ရပ်နား ထားသော တာချီလိတ်-မိုင်းကိုး လိုင်းကားယာဉ် တစ်စီးကို တွေ့ရှိ၍ စစ်ဆေးရာ ယာဉ်ပေါ်တွင် အကောက်ခွန်မဲ့တင်ဆောင်လာသော ထိုင်းနိုင်ငံထုတ် ပြောင်းဖူးစေ့ (၂၈၈) တံဆိပ်အိတ်များကို စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်းပြီး အကောက်ခွန် အမှုတွဲ ဖွင့်လှစ်ခဲ့ပါတယ်။ အလားတူ ယင်းနေ့ ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် မယ်ယန်းကျေးရွာလမ်းမပေါ်၌ တာချီလိတ်-မိုင်းကိုး လိုင်းကားယာဉ်ပေါ်မှာပဲ အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ ထိုင်းနိုင်ငံထုတ် ပြောင်းဖူးစေ့ (888,233,222  အမျိုးအစားတံဆိပ်) များအား စစ်ဆေးတွေ့ရှိသဖြင့် အကောက်ခွန်အမှုတွဲဖွင့် လှစ်ပြီးဖြစ်ပါတယ်။ အဆိုပါယာဉ်နှစ်စီးပေါ်မှ တွေ့ရှိတဲ့ ပြောင်းမျိုးစေ့အိတ်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၀၀ဒသမ ၈၁၂ ခန့်ဖြစ်ပြီး၊ ပြောင်းမျိုးစေ့ အိတ်များကို ကျိုင်းတုံမြို့နယ်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန သို့ လွှဲပြောင်း
အပ်နှံခဲ့တယ်လို့သိရပါတယ်။