Main menu

Background

ရှောင်ကွင်းလမ်းမှာ စုပုံထားရှိတဲ့ တရားမဝင်ကန့်သတ်ကုန်စည်များဖမ်းမိ

Thu, 02/26/2015 - 19:50 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၈)

စစ်တောင်းတံတားလမ်းဟောင်း/လမ်းသစ်လမ်းဆုံမှ နှစ်မိုင်ခန့်အကွာ ဒိုက်ဦးမဟာဗျူဟာ လမ်းဘေးမှာ Mobile Teamအဖွဲ့အား ရှောင်ကွင်းသယ်ဆောင်ရန် တရားမဝင် ကျွန်းသစ်များ စုပုံထားရှိ ကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့ အား စေလွှတ်ရှာဖွေခဲ့ရာမှာ ဖေဖော်ဝါရီလ ၆ ရက်က တရား မဝင် ကျွန်းသစ်ခွဲသား အရွယ်စုံ၊ ပွတ်လုံးတိုင်များ စုစုပေါင်း သုံးတန်အား ပိုင်ရှင်မဲ့စစ်ဆေးတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းပြီး ဝေါမြို့နယ်သစ်တောဦးစီးသို့ အကောက်ခွန်လုပ်ထုံးလုပ်နည်း နဲ့အညီ အမှုဖွင့်အပ်နှံ နိုင်ရေးဆောင်ရွက်နေတယ်လို့ သတင်း ရရှိပါတယ်။ သိမ်းဆည်းရမိကျွန်းခွဲသား ၁ ဒသမ ၃၄၀ တန်၊ ၄၉၅ ချောင်းနဲ့ ကျွန်းပွတ်လုံး ၁ ဒသမ ၂၄၉၈ တန် ၇၂၅ လုံး၊ ခန့်မှန်းတန်ဖိုး ကျပ်  ၂၇ ဒသမ ၆၀၀ သိန်း၊ ၁၈ ဒသမ ၇၄၀ သိန်း စုစုပေါင်း ကျပ်  ၄၆ ဒသမ ၃၄၁ သိန်း တန်ဖိုးရှိတယ်လို့ သိရပါတယ်။