Main menu

Background

ဘိလပ်မြေဆက်တိုက်ဝင်အားကောင်း

Thu, 04/02/2015 - 17:38 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

    မတ် ၁၅ ရက်မှ ၂၁ ရက် သီတင်းပတ်အတွင်းမှာ ကန်ဒေါ်လာ ၁၁၅၅၃၇၂၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၃၈၅၀၀ ဒသမ ၀၇၉ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှ ၆၀ ဒသမ ၃၉၅ တန်၊ မလေးရှားမှ ၁၈ ဒသမ ၁၂၈ တန်၊ စင်ကာပူမှ ၁၄၀၀ တန်နဲ့ ထိုင်းနိုင်ငံမှ ၁၃၇၀၂၁ ဒသမ ၅၅၆ တန် တင်သွင်းခဲ့ပါတယ်။
ဒီတစ်ပတ်  ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းလာခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ ဘိလပ်မြေများမှာ စိန်၊ ဆင်၊RAMCO ? Mountain  တံဆိပ်များဖြစ် တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာလည်း တန်ချိန် တစ်သိန်းနှစ်သောင်း ကျော်ဝင်ခဲ့ သလို ဒီတစ်ပတ်မှာလည်း တန်ချိန် တစ်သိန်းသုံးသောင်းကျော် ဝင်ခဲ့တာကြောင့် တစ်ပတ်ပြီး တစ်ပတ်အားကောင်း ကောင်းနဲ့ ဝင်လာခဲ့တယ်လို့ ဆိုရပါမယ်။