Main menu

Background

အဝယ်လိုက်လာလို့ ဈေးအတက်အကျရှိလာတဲ့ ဘိလပ်မြေ

Thu, 04/02/2015 - 17:42 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

မတ်လ ၁၅ ရက်မှ ၂၁ ရက်  သီတင်းပတ်မှာ  ပြည်တွင်းကို  ရေလမ်းမှ ဘိလပ်မြေအဝင်  တန်ချိန် ၁၃၈၅၀၀ ကျော်  ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၂၄၅၀၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ် ပတ်မှာ ဘိလပ်မြေတန်ချိန် ၁၃၉၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၂၃၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၂၈၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၄၄၀ ကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ  ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။