Main menu

Background

ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-

Thu, 04/02/2015 - 17:43 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ် တည်ဆောက်ရေးလုပ်ငန်းများ ကြောင့် အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။   မြင်းခေါင်းက ပစ္စည်းပြတ်နေ တယ်လို့  သိရပါတယ်၊၊ အရောင်းသွက်ပေမယ့် ဈေးကငြိမ်နေတယ်လို့ ဆိုပါတယ်၊၊ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ၅၈၀၀ ကျပ်၊ မြင်းခေါင်း ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၇၅၀ ကျပ်၊ စိန် ၅၅၅၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရ ပါတယ်။  ပွင့်လင်းရာသီရောက်လာတာကြောင့်  အရောင်းအဝယ်က လိုက်ပေမယ့် ဈေးက   ငြိမ်နေတာများတယ်လို့ ဆိုပါတယ်။  တစ်ရာဝန်းကျင်  ဈေးမြင့်တာက အေသုံးလုံးနဲ့  မြန်မာဆင်တို့ဖြစ်ပြီး ကျန်တံဆိပ်များက ယခင်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ အေသုံးလုံး ၄၈၀၀ ကျပ်၊ မြန်မာဆင် ၄၇၀၀ ကျပ်၊ စိန်(ထိုင်း) ၆၉၀၀ ကျပ်၊ဆင်(ထိုင်း) ၆၉၀၀ ကျပ်၊ ဆင်မင်း ၄၆ ကျပ်၊  ကျားခေါင်း ၄၆၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်ပေမယ့် ဈေးကငြိမ်နေ တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ စိန်(ထိုင်း) ၅၈၀၀ ကျပ်၊ ဆင် ၅၉၀၀ ကျပ်၊ ကြံ့နှစ်ကောင် (အနီ) ၅၂၀၀ ကျပ်၊ကြံ့နှစ်ကောင်(အစိမ်း) ၄၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့  ဘုရင့်နောင်ပွဲရုံတန်း  အိမ်ဆောက် ပစ္စည်း  ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။