Main menu

Background

ကယားပြည်နယ်တွင် ကုန်သည်အသင်းများ ဖွဲ့စည်းပြီးစီး

Tue, 05/26/2015 - 21:19 -- journal_editor

အတွဲ(၁၅)အမှတ်(၁၉)

ကယားပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာန၊ ကုန်သွယ်မှုသင်တန်းခန်းမတွင် ၂၀၁၅ ခုနှစ်၊ မေ ၁၈ ရက်နေ့က ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကယားပြည်နယ်အစိုးရ စီမံစီးပွားဝန်ကြီးကိုယ်စား၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးရဲဝင်း တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး (၁) ဦးအေးလွင်၊ နေပြည်တော်ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ ကယားပြည်နယ် ဌာနဆိုင်ရာများဖြစ်ကြသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနနှင့် သက်ဆိုင်သည့် ကုန်သွယ်မှုဆိုင်ရာ ဗဟုသုတများကို မျှဝေပြောကြားပြီး တက်ရောက်လာသောကုန်သည်များ နှင့် အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
တက်ရောက်လာသော ကုန်သည်များ၏ အများသဘောတူ လျို့ ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် အသင်းအမှုဆောင်အဖွဲ့များကို ရွေးချယ်ကြရာ ဦးသိန်းမြင့် ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၀ ဦးပါသည့် ကယားပြည်နယ်ကုန်သည်များနှင့်     စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းနှင့်    ဦးရှော်လမုန် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး  အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် မယ်စဲ့နယ်စပ်ကုန်သွယ် ရေးကုန်သည်များအသင်းကို အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။                

    မောင်မောင်အေး-လွိုင်ကော်