Main menu

Background

MYANTRA Master Plan အတွက်Kick-Off Meetingအခမ်းအနား ကျင်းပ

Tue, 05/26/2015 - 21:38 -- journal_editor

အတွဲ(၁၅)အမှတ်(၁၉)

၂၀၁၅ ခုနှစ်၊ မေလ ၂၂ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအေဂျင်စီ(KOTRA) တို့ပူးပေါင်း၍Kick-Off  Meeting  for MYAN-TRA  Master Plan အခမ်းအနားကို နေပြည်တော် Lake Garden  ဟိုတယ်၌ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြော ကြားခဲ့ပြီး၊ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးအေဂျင်စီ  (KOTRA) မှ အမှုဆောင်ဒုတိယဥက္ကဋ္ဌMr. Yun Won Sok, KOICA    မှ မြန်မာနိုင်ငံတာဝန်ခံဌာနေကိုယ် စားလှယ်Mr. Nam Kwon Hyoung  တို့နှင့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံမှ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။
    ကိုရီးယားသမ္မတနိုင်ငံသည် ကိုရီးယားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီ (KOTRA)  အား တည်ထောင်ပြီး ပြည်တွင်းလုပ်ငန်းများအတွက် ဈေးကွက်သစ် ရှာဖွေခြင်း၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများအတွက် ဈေးကွက် သတင်းအချက်အလက်များနှင့် လိုအပ်ချက်များကို ထိရောက် စွာ ပံ့ပိုးပေးနိုင်ခဲ့ခြင်းတို့ကြောင့် ပြည်ပဈေးကွက်များသို့ လျင်မြန်စွာ ထိုးဖောက်နိုင်ခြင်းစသည့် အောင်မြင်သော အတွေ့ အကြုံကောင်းများကို အခြေခံ၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု မြှင့်တင် ရေးအေဂျင်စီ (MYANTRA)တည်ထောင်ရေး အတွက်  Master Plan ကူညီရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်းသိရှိရ သည်။
    အဆိုပါ Master Plan  တွင် မြန်မာနိုင်ငံအတွက် ကုန်သွယ်မှု မြှင့်တင်ရေး မူဝါဒပိုင်းဆိုင်ရာများ ဆွေးနွေးခြင်း များ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအား အချိန်နှင့်တစ်ပြေးညီဈေးကွက် သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရေး အစီအစဉ်များMYANTRAတည်ထောင်ဖွဲ့စည်းပုံ ဆိုင်ရာ အစီအစဉ်များ ချမှတ်ခြင်း တို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ တက်လှမ်းရာတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည်ဖြစ်၍ မြန်မာ့ပို့ကုန်များ အနာဂတ် အလား အလာကောင်းများ ရရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်သည်။
မြတ်မြတ်စိုးမိုး (DOTP)